ကလေးမြို့အနောက်ပိုင်း မွန်ထာရပ်ကွက်မှာစစ်ကောင်စီကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

ကလေးမြို့အနောက်ပိုင်းမွန်ထာရပ်ကွက်မှာ ဒီကနေ့ စက်တင်ဘာလ (၃) ရက် ညနေ ငါးနာရီ ကျော်က စစ် ကောင်စီကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေကDNA ကိုပြောပါတယ်။
“ကားက လမ်းပေါ်ကနေ လမ်းဘေးအိမ်ဝင်းထဲထိရောက်သွားတယ် ၊ဘယ်နှယောက်သေလည်းတော့မ သိဘူး” လို့ ကလေးမြို့အနောက်ပိုင်းမှာနေထိုင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကားမိုင်းဆွဲခံရအပြီးမှာ စစ်ကောင်စီတပ်သားတွေကရမ်းသမ်းပတ်ခတ်လို့ အနီးဝန်းကျင်က နေအိမ်ထဲရှိနေသူတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ကလေးမြို့တွင်း တိုက်ပွဲတွေကို Kalay PDF လက်ခွဲ Operation MoMo အဖွဲ့တို့က ဆောင်ရွက်လေ့ရှိပြီး အခု တိုက် ခိုက်မူကိုတော့ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာ ထုတ်ပြန်တာမရှိသေးပါဘူး။ စစ်ကောင်စီ တပ်တွေဟာ မိုင်း ဆွဲတိုက်ခိုက်ခံရပြီးမကြာမီ ကလေးမြို့တွင်း (၂၂၈) တပ်ထဲကနေ လက်နက်ကြီးတွေနဲ့ ချင်းတောင်ဘက်ကို ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ စက်တင်ဘာ (၃) ရက်မနက်ပိုင်းကတည်းက ကလေးမြို့အနောက်တောင်ဘက် မြို့လှ ရွာဘက်ကို စစ်ကြောင်းထိုးပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးနေခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။
(ကလေးမြို့တာဟန်းရပ်ကွက်မှ မွန်းလိုင်ရပ်ကွက်သို့အသွားလမ်းမကြီးတစ်နေရာ)