မတူပီမြို့မှာ ဖုန်းလိုင်းတွေ နေ့စဉ် နာရီနဲ့ချီ ဖြတ်တောက်ခံနေရ

ချင်းပြည်နယ် မတူပီမြို့မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အပြင် ဖုန်းလိုင်းတွေလည်း နေ့ စဉ်နာရီ နဲ့ချီဖြတ်တောက်ခံရလို့ မြို့ခံတွေ ဆက်သွယ် ရေးအခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။
“ဖုန်းလိုင်းပိတ်တော့အဆင်မပြေဘူး၊ပစ္စည်းတွေမှာရင်အခက်ခဲရှိတယ် ဖုန်းလိုင်းပြတ်တော့ အကုန် လုံးနဲ့လည်း အဆက်အသွယ်ပြတ်တယ်၊ စီးပွားရေး ၊လူမှုရေးကစအကုန်ပြတ်တယ်’လို့ မတူပီမြို့ခံ တစ်ဦးကပြောပါတယ်။
လက်ရှိ မတူပီမှာ MPT ဖုန်းလိုင်းတမျိုးတည်းကိုသာ အသုံးပြုနေရပြီး တနေ့ကို အနည်းဆုံး သုံး၊လေးနာရီ ဝန်း ကျင်လောက် ဖုန်းလိုင်းဖြတ်တောက်ထားလေ့ရှိတဲ့အပြင် တနေ့လုံးဖြတ်တောက်ခံရ တာမျိုးလည် းရှိတယ်လို့ဆို ပါတယ်။
မတူပီမှာ အရင်တုန်းက အခုလိုဖုန်းလိုင်းတွေဖြတ်တောက်ထားတာမျိုးမရှိခဲ့ဘဲ စစ်အာဏာသိမ်းပြီးနောက်မှာ တော့ တိုက်ပွဲဖြစ်ချိန်တွေမှာ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တာ စစ်ကောင်စီက စတင်လုပ်ဆောင်ခဲ့ ပါတယ်။
အဲ့ဒီနောက် အင်တာနက်လိုင်းတွေ လုံးဝဖြတ်တောက်ခဲ့တဲ့အပြင် အခုနှစ်ဆန်းပိုင်းကစလို့ ဖုန်းလိုင်းတွေပါ မကြာ မကြာ ဖြတ်တောက်ခံလာရပြီး ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ ဖုန်းလိုင်းဖြတ်တောက်ခံရတဲ့ အခြေအနေက ပိုဆိုး လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလိုဖုန်းလိုင်းတွေဖြတ်တောက်ရတာဟာ ဖုန်းတာဝါတိုင်တွေအတွက် အသုံးပြုရမယ့် စက်သုံးဆီ လိုအပ် ချက်ရှိနေတာကြောင့်ဖြစ်တယ်လို့ မြို့နယ် ဆက်သွယ်ရေးရုံးက တာဝန်ရှိသူတဦးကပြောပါတယ်။
“တမြို့လုံးကိုလည်းပြောထားတယ် စက်သုံးဆီအခက်ခဲရှိနေတယ်၊ဆီသယ်ရပြုရတာ အဆင်မပြေလို့ စက် ပိတ်ထားတယ်၊သက်ဆိုင်ရာ ရုံး၊ကုမ္ပဏီ၊mptပဲဖြစ်ဖြစ်အကုန်လုံးကို လည်းပြောထားတယ်” လို့ ဆက်သွယ် ရေးတာ၀န်ခံတစ်ဦးက DNA ကိုပြောပါတယ်။
စစ်ကောင်စီဟာ လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေအားလုံးမှာ အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းဖြတ်တောက် တာကို ပြုလုပ်လေ့ရှိပြီး စစ်ကိုင်း၊မကွေး၊ချင်း၊ကယား စတဲ့ တိုင်းနဲ့ပြည်နယ်တွေက ဒေသတချို့မှာတော့ အင် တာနက်နဲ့ဖုန်းလိုင်းတွေကို ယာယီ ဖြတ်တောက်တာ၊ကာလရှည်ဖြတ်တောက် ထားတာတွေ ရှိနေ ပါတယ်။