ဘိုကလေးမြို့မှာ နိုင်ငံရေးမှုနဲ့ အဖမ်းမခံရဖို့ ခြိမ်းခြောက်ငွေညှစ်တာတွေရှိနေ

ဧရာဝတီတိုင်း ဘိုကလေးမြို့မှာ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ကနေ့စဥ်ရက်ဆက် ဖမ်းဆီး မှုတွေရှိ နေပြီး ဖမ်းဆီးခံရသူတွေကို နိုင်ငံရေးပုဒ်မနဲ့ အရေးယူမခံရဖို့ ခြိမ်းခြောက်ငွေညှစ်တာတွေရှိနေတယ်လို့ မြို့ခံတွေက DNA ကိုပြောပါတယ်။
“တချို့က Fb ပေါ်မှာ NUG ပရိုဖိုင်ချိန်းထားတာတွေ ရှိတယ်၊အဲ့ဒါမျိုးဖမ်းမိရင် သူတို့ပြောနေကြစကား ရှိ တယ်၊ ကြေးကြီးတယ်တယ်နော်လွတ်ချင်ရင်၊အဲ့ဒီလိုပြောတယ်”လို့ အမည်မဖော်လိုတဲ့ မြို့ခံတဦးက ပြော ပါတယ်။
ဘိုကလေးမြို့မှာ ဩဂုတ်လပထမပတ်အတွင်း မြို့ခံပျူစောထီးခေါင်းဆောင်ရဲ့ရွှေဆိုင် ဗုံးပစ်ခံရအပြီးက တည်းက ဆက်တိုက်ဆိုသလို ဖမ်းဆီးမှုတွေရှိလာပြီး အဲ့ဒီလို ခြိမ်းခြောက်ငွေညှစ်တာတွေလည်း ရှိလာ တာဖြစ်တယ် လို့ သိရပါတယ်။
စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးခံရတဲ့နောက်ပြန်လွတ်လာသူတချို့ကတော့ အပြစ်မရှိဘဲ ဖမ်းဆီးခံ ရတဲ့ အပြင် ပြန်လွတ်လာဖို့အတွက် ငွေပေးခဲ့ရတဲ့အကြောင်း DNA ကိုပြောပါတယ်။
“ဆယ်ငါးသိန်းပေးခဲ့ရတယ်၊အပြင်မှာ ပြန်ပြောရင် မင်းကိုထပ်ဖမ်းမယ်လို့ တခါတည်းပြောလိုက်တာ၊ ရင် ထဲမှာ တော့ မကောင်းဘူး”လို့ ဧည့်စာရင်းစစ်မယ်ဆိုတာကြောင့် အိမ်တံခါးဖွင့်ပေးလိုက်ရာက ဖုန်းကိုပါ စစ်ဆေးခံရပြီး ဖမ်းဆီးခံခဲ့ရသူတဦးကဆိုပါတယ်။
ဘိုကလေးမြို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့နောက် ပြန်လွတ်လာသူ နောက်တဦး ကတော့ သူ့အနေနဲ့ ငွေကျပ်ငါးသိန်းပေးခဲ့ရတယ်လို့ ပြောပါတယ်။အဲ့ဒီလို ဖမ်းဆီးခံရပြီး ငွေပေးလို့ပြန် လွတ်လာသူ တွေ ထဲကတချို့ကတော့ နောက်တကြိမ်ထပ်အဖမ်းခံရမှာ စိုးရိမ်ပြီး တခြားဒေသကိုပြောင်းရွှေ့ နေထိုင်ကြပါတယ်။
“ညဖက်တွေမှာ ဧည့်စားရင်းအကြောင်းပြပြီး ဖမ်းဆီးငွေညှစ်တယ်၊တချို့က ဘာမှမမိတော့ မပေးကြဘူး၊ မပေးရင် သူက Pdf ထောက်ပံ့သူ အမည်တပ် နှိပ်စက်ပြီး ထောင်ကျခံရသူတွေ ရှိတယ်”လို့ ဘိုကလေး မြို့ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ အမည်မဖော်လိုသူ တဦးက ပြောပါတယ်။