ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် သုံးနှစ် ထပ်မံချမှတ်

Photo – EPA

ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီးပုဒ်မ ၁၃၀(က) အမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ စက်တင်ဘာလ ၂ ရက်နေ့မှာ နေပြည်တော် အကျဉ်းထောင်အတွင်း အထူးတရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲမှာ မဲမသမာမှု ၁၁သန်းကျော်ရှိ တယ်လို့ စွပ်စွဲထားခဲ့တာပါ။
ဒါပေမယ့် မဲမှားယွင်းမှုတွေနဲ့ ပတ်သတ်လို့ ကိစ္စရပ် ၂၀၀၀ ကျော်လောက်သာ တရားရုံးကို သက်သေ အဖြစ်တင်သွင်းနိုင်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒီမှုအတွက်ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံတော်သမ္မတဦးဝင်းမြင့် ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန် ကြီး ဟောင်း ဦးမင်းသူတို့ကိုပါ တရားစွဲဆိုခဲ့တာဖြစ်ပြီး ၃ ဦးစလုံးကို ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံခဲ့ရတာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ချမှတ်ထားတဲ့ ထောင်ဒဏ်ပေါင်း နှစ် ၂၀ ထိ ရှိလာပြီ ဖြစ်ပါတယ်။