ပြည်သူ့ဘက်တော်သားအဖြစ် လက်နက်အပြည့်အစုံနဲ့ CDM ဝင်ရောက်လာတဲ့ ဆောမြို့ ရဲစ ခန်းက ရဲ တပ်သား ကိုဉာဏ်မင်းကို The Youth Force (Saw & Kyaukhtu) အဖွဲ့က ငွေကျပ်သိန်း (၇၀) အခမ်း အနားနဲ့ ချီးမြင့်ခဲ့တယ်လို့ အဖွဲ့တာဝန်ခံ ကိုဇင်ကိုဝင်းက ပြောပါတယ်။
“နောက်ထပ် CDM ဝင်မယ့်သူတွေကိုလည်း ကြိုဆိုသွားမှာပါ၊လက်နက်အပြည့်အစုံပါရင်တော့ ပစ္စည်း အမျိုးအစားပေါ် မူတည်ပြီး ထိုက်တန်စွာ ဂုဏ်ပြုပေးသွားမှာပါ” လို့The Youth Force တာဝန်ခံက ပြောပါတယ်။
CDM ဝင်လာတဲ့ ရဲတပ်သားဟာ ၂၀၁၇ ခုနှစ်က ရဲတပ်သားအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၂ ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့မှာ ဗုံးသီး (၄) လုံး ၊ ကျည် (၃၀၀) တောင့် ၊ G3 တစ်လက် ၊ ကျည်ဘောက် (၂) ခုနဲ့ ပြည်သူ့ရင်ခွင်ဝင်ရောက်လာတာဖြစ်ပါတယ်။
“CDM ဝင်ချင်တဲ့သူရှိရင်စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကို လုံခြုံတဲ့နေရာရောက်အောင် ကူညီပေးသွားမှာဖြစ်တယ်”လို့ The Youth Force အဖွဲ့ကဆိုပါတယ်။