ကမ္ဘာ့ဈေးကွက်မှာ ဆန်ဈေးနှုန်းမြှင့်တင်ရေး ထိုင်း၊ ဗီယက်နမ် ပူးပေါင်းမယ်

Photo – Reuters

ကမ္ဘာ့ဆန်ဈေးကွက်မှာ ဆန်ဈေးနှုန်းမြှင့်တင်ပြီး ကျေးလက်ဒေသတွေရဲ့ ဝင်ငွေ တိုးတက်စေဖို့ ထိုင်းနဲ့ဗီယက်နမ်ပူးပေါင်းလုပ်ဆောင်သွားမယ်လိြ့ စိုက်ပျိုးရေးနဲ့သမဝါယမဝန်ကြီး  Alongkorn Ponlabootက ဒီကနေ့ ဩဂုတ်လ၂၉ရက်နေ့ မှာပြောကြားခဲ့ပါတယ်။

“ဒီလို ထိုင်း၊ ဗီယက်နမ် နိုင်ငံတကာ ဆန်ဈေးကွက်ဈေးနှုန်းမြှင့်တင်ဖို့ ပူးပေါင်းလုပ်ဆောင်တာဟာ ပထမဆုံး ကြိမ်ဖြစ်တယ်”လို့ ပြောပါတယ်။

နှစ်နိုင်ငံဆွေးနွေးမှုတွေကို ပြီးခဲ့ မေလကစတင်ခဲ့တာဖြစ်ပြီး ထိုင်းပြောရေးဆိုခွင့်ရှိသူကတော့ ဆန်တင်ပို့မှုရဲ့ဆန်ဈေး နှုန်းတိုးလာစေဖို့ ၊ နိုင်ငံတကာဆန်တင်ပို့မှုပိုတိုးတက်စေဖို့ ၊တောင်သူလယ်သမားတွေရဲ့ ဝင်ငွေတိုးပွားစေဖို့လို့ ဆိုပါတယ်။

အမေရိကန်စိုက်ပျိုးရေးဌာနရဲ့ အချက်အလက်တွေအရ ထိုင်း ၊ ဗီယက်နမ် နှစ်နိုင်ငံဟာ နိုင်ငံတကာဆန်ထုတ် လုပ်မှုရဲ့ ဆယ်ရာခိုင်နှုန်းထိရှိပြီး ကမ္ဘာ့ဆန်တင်ပို့မှုမှာတော့ ၂၆ရာခိုင်နှုန်းထိရှိတာပါ။

နောက်ဆုံးမှု ဆွေးနွေးမှု  အနှစ်ချုပ်နဲ့ နှစ်နိုင်ငံပူးပေါင်း ဈေးနှုန်းမြှင့်တင်ဖို့ အဆိုပြုချက်ကို နှစ်နိုင်ငံ ဝန်ကြီးဌာနတွေကို တင်ပြသွားမှာဖြစ်ပေမယ့် ရက်အတိအကျတော့ မသိရသေးဘူးလို့  Alongkornကဆိုပါတယ်။

“ရည်ရွယ်ချက် အောင်မြင်သွားမလား မအောင်မြင်မလား ဆိုတာတော့ မပြောနိုင်သေးပါဘူး ။ဒါပေမဲ့ဒီနေ့တော့ နှစ်နိုင်ငံ စိုက်ပျိုးရေးကဏ္ဍအတွက် မဟာဗျူဟာကျ မိတ်ဖက်မှု ပထမဆုံးခြေလှမ်းဖြစ်တယ်”လို့ သူက ဆက်ပြောပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ဗီယက်နမ် စားနပ်ရိက္ခာအသင်း၊ စိုက်ပျိုးရေးနဲ့ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတိုးတက်ရေး ဝန်ကြီးဌာနကတော့ Reuters ဌာနရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာ မရှိဘူးလို့ဆိုပါတယ်။