တီးတိန်မြို့ စသုံးလုံးရုံး ဖောက်ခွဲတိုက်ခိုက်ခံရ

ချင်းပြည်နယ်၊ တီးတိန်မြို့ ၊ လီလွန်းရပ်ကွက်၊ စုံစမ်းစစ်ဆေးရေး( စစစ )ရုံးမှာ သြဂုတ် ၂၇ ရက်မနေ့က ည (၈) နာရီကျော်အချိန် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ တီးတိန်မြို့ခံတွေက DNA ကိုပြောပါတယ်။
” လူမနေတာကြာပြီအဲဒီရုံးက။ ဝန်ထမ်းတွေက ရဲစခန်းထဲမှာပဲပေါင်းနေကြတာလေ။ ဘယ်အဖွဲ့ကလုပ်တာလဲတော့ မသိဘူး” လို့ တီးတိန်မြို့ခံတစ်ဦးကပြောပါတယ်။
တီးတိန်မြို့ စသုံးလုံးရုံးကို ဖောက်ခွဲတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကမှ သတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး ။
ပေါက်ကွဲမှုကြောင့် အနီးနားက နေအိမ်အချို့ အနည်းငယ်ထိမှန် ပျက်စီးရုံသာရှိပြီးတစုံတဦးမှ ထိခိုက်မှု မရှိဘူးလို့ သိရပါတယ် ။