တပတ်တာနွေဦးပုံရိပ်လွှာ

ကြို့ပင်ကောက်….။ဒီသတင်းပတ်ရဲ့ နွေဦးစာမျက်နှာမှာ မှတ်မှတ်သားသားရှိသင့်တဲ့၊ရှိလည်းရှိနေကြမယ့် အမည် နာမ ပါပဲ။တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်မလာသေးပေမယ့် စစ်ရေးလှုပ်ရှားမှုတွေတော့ ရှိနေပြီဖြစ်တဲ့ ပဲခူး တိုင်း၊သာယာဝတီခရိုင်ထဲက မြို့ကလေး။

တခြားမြို့တွေနည်းတူ ဒီမြို့ကလေးမှာလည်း ပြည်သူ့ရဲဘော်တွေရှိတယ်။နွေဦးနဲ့အတူ ရုန်းကန်နေကြတာ ဖြစ် တယ်။အဲ့ဒီလိုရုန်းကန်နေကြသူတွေထဲက ၁၉ယောက်…။လက်နက်တွေနဲ့ သူရဲကောင်း ၁၉ယောက်။

ကြို့ပင်ကောက်က PDF ၁၉ယောက်။ ကြက်ကလေးငှက်ကလေးလို ရန်သူ့လက်မှာ ဖမ်းဆီးခံရသတဲ့…။ ဖမ်းခံရ တာထက် အခုလို ဖမ်းဆီးခံရစေတဲ့အကြောင်းရင်းခံက ပိုပြီး ခံပြင်းစရာပါ။မြေလတ်သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ ကြို့ပင်ကောက် PDF တွေ ကိုယ့်စခန်းမှာပဲ အလွယ်တကူ ဖမ်းဆီးခံရတာဟာ အကြမ်းဖက်စစ်ကောင် စီအရိပ်အောက်ခိုလှုံသွားသူ တပ်ဖွဲ့ဝင်ဟောင်းတွေရဲ့ လက်ထောက်ချမှုကြောင့်လို့ဆိုတယ်။

စစ်ရေး အမြင်ရှိသူတွေကတော့ အတည်တကျ စခန်းနေရာချထားမှုရဲ့ အန္တရာယ်ကိုထောက်ပြကြတယ်။သင်ခန်း စာယူကြဖို့သတိပေးတယ်။ပြည်သူတွေကတော့အဲ့ဒီအထိ ဘယ်တွေးနိုင်မှာလဲ။ရန်သူ့လက်ထဲက သူရဲကောင်း ၁၉ ယောက်ကိုပဲ တွေးပူကြရတယ်။

ဘယ်လိုလူတွေက ဖမ်းသွားတယ်ဆိုတာ သိနေတဲ့နောက်တော့၊ဘာဆက်ဖြစ်မှာလဲဆိုတာကိုပဲ တွေးပူနေကြရ တော့တယ်။သေချာတာတော့ မကြာမကြာပျံ့လွှင့်လာတတ်တဲ့ ဒေါနမြေက စစ်သုံ့ပန်းတွေလို အခြေအနေကောင်း မျိုးနဲ့တော့ ဒီသူရဲကောင်း ၁၉ယောက် ကြုံတွေ့ခွင့်ရကြမှာမဟုတ်တာပါပဲ။

ကြို့ပင်ကောက်လိုပဲ ဒီသီတင်းပတ်မှာ မှတ်မှတ်သားသား ရှိနေရမယ့် အမည်နာမတွေရှိနေသေးတယ်။ ဒီတခါ လည်း မြို့တွေပါပဲ။မန္တလေး၊ဆော၊ဖျာပုံ….။ တော်လှန်ရေးနဲ့ဆက်စပ်တဲ့သတင်းတွေ ပုံမှန်ဖတ်ဖြစ်နေသူတွေဆို ဒီသတင်းပတ်ထဲ ဒီမြို့တွေရဲ့ ထပ်တူကျတဲ့ ဝိသေသကို သတိပြုမိမှာပါ။

“၁၃နှစ်အရွယ် ကလေးအပါအဝင်‌ ခြောက်ဦးအသတ်ခံရ”  ဒါဟာ မကွေးတိုင်းနဲ့ချင်းပြည်နယ် အစပ် ဆောမြို့က လာတဲ့သတင်းဖြစ်ပါတယ်။ဆောမြို့ဟာ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေနယ်မြေအများစု စိုးမိုးထားတဲ့ ဒေသ ဖြစ်တယ်။

အဲ့ဒီပစ်ခတ်သတ်ဖြတ်မှုကို လုပ်ခဲ့တာကလည်း ဆောအပါအဝင် ယောနယ်တခွင်ကို ထိန်ချုပ်ထားနိုင်တဲ့ ယော ကာကွယ်ရေးတပ်(YDF)ရဲ့ တပ်ခွဲတခုဖြစ်တဲ့  YDF-ဆော က လုပ်ဆောင်ခဲ့တာပါ။ဝေဖန်မှုတွေများခဲ့တဲ့ အဲ့ဒီ ဖြစ်စဉ်ကို YDF-ဆောကတော့ ဒလန်ရှင်းလင်းရေးလို့ဆိုပါတယ်။

ဒါပေမယ့် ဆောမြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အပါအဝင် ဒေသတွင်းက တခြားတော်လှန်ရေးအဖွဲ့ကတော့ ဒ လန်ရှင်းလင်းရေးဆိုတဲ့ အချက်ကိုတောင်လက်မခံပါဘူး။သတ်ဖြတ်ခံရသူတွေဟာ သာမန်ပြည်သူတွေသာ ဖြစ်တယ်လို့ဆိုတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒလန်ရှင်းလင်းရေးဆိုရင်တောင် ၁၃နှစ်အရွယ်ကလေးပါ သေဆုံးခဲ့တဲ့ ဒီသတ်ဖြတ်ခံရမှုဟာ နွေဦးစာမျက်နှာတွေပေါ်က အမည်းစက်တခုလို့သာ ဆိုရမှာပါ။

ယဉ်ကျေးမှုမြို့တော် မန္တလေးကအဖြစ်ကတော့ ပုံစံတမျိုး။မြို့ပြပြောက်ကြားအဖွဲ့က စစ်ကောင်စီလက်ပါးစေ  CID ရဲမှူးကို ပစ်ခတ်သတ်ဖြတ်ဖို့ စီစဉ်တယ်။ဒါပေမယ့် တကယ်တမ်း ပစ်ခတ်သတ်ဖြတ်ခံလိုက်ရတာက သာ မန်ပြည်သူ ဇနီးမောင်နှံသာ ဖြစ်နေခဲ့တာပါ။

နစ်နာခဲ့ရတဲ့ မိသားစုတွေအဖို့တော့ စကားလုံးတွေနဲ့ ဖော်ပြလို့မရတဲ့ ဆုံးရှုူံးရမှု ဖြစ်ပါလိမ့်မယ်။မတော်တဆ မှား ယွင်းမှုလို့ ဆိုလို့ရပေမယ့် ဆုံးရှုံးသွားတာက အသက်နဲ့ဘဝတွေဖြစ်တာကြောင့် နွေဦးအဖို့လည်း ဝမ်းနည်းစရာ၊ သတိပြုဆင်ခြင်စရာ ဖြစ်ရပ်ပါ။

အသိအမှတ်ပြုရမှာကတော့ ဒီဖြစ်စဉ်ကို လုပ်ဆောင်ခဲ့တဲ့ မန္တလေးက မြို့ပြပြောက်ကြားတပ်ဖွဲ့တခုဖြစ်တဲ့ Tiger Force Mandalayဟာ ဖြစ်စဉ်ကို တာဝန်ခံခဲ့ပြီး တချိန်မှာ အပြစ်ခံယူမယ်လို့ ကတိပြုခဲ့တာပါ။ဒီလိုထုတ်ပြန်တာ ကိုကြည့်ရင် ပြောက်ကြားတပ်ဖွဲ့ဝင်တွေကိုယ်တိုင် သူတို့ရဲ့ လွဲမှားမှုအပေါ် ဝမ်းနည်းနေကြမယ်လို့ ယူဆရပါ တယ်။

ဘယ်လိုပဲဖြစ်ဖြစ် သေဆုံးသွားတဲ့ ဇနီးမောင်နှံရဲ့ ရှစ်နှစ်အရွယ် သမီးငယ်အတွက်တော့ အဖေ၊အမေ လို့ခေါ်ခွင့် ပြန်ရနိုင်မှာမဟုတ်‌တော့တာပါ။

၁၄ မျဉ်းစောင်းတို့ ကမ္ဘာက အဖြစ်ကတော့ တမျိုး။ဖျာပုံမှာ ဒလန်ရှင်းတယ်။အမျိုးသမီးနှစ်ဦးသတ်ဖြတ်ခံရတယ်။ တယောက်က ရပ်ကျေးအုပ်ချုပ်ရေးရုံးက စာရေးမ။အရပ်ထဲမှာလည်း ဒလန်လို့ ကျော်ဇောတဲ့သူ။ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ဆက်ဆံရေးကောင်းရှိသူ၊သတင်းပေးနေသူလို့ဆိုတယ်။

‌ဒေသခံ ပြောက်ကြားတပ်ဖွဲ့က သတိပေးတယ်။မလိုက်နာဘူး။ဒီတော့ လုပ်ကြံသတ်ဖြတ်ခံရ။ဒီအထိ တခြားသော ဒလန်ရှင်းလင်းရေးလှုပ်ရှားမှုတွေနဲ့ မကွာခြားလှ။ကွာတာက အဖော်အမျိုးသမီးဆိုသူကိုပါ တပါတည်း သတ် ဖြတ်ခဲ့တဲ့ ကိစ္စဖြစ်တယ်။

ကိုယ်တိုင် ဒလန်မလုပ်ဘူး၊သို့သော် ဒလန်ဆိုသူနဲ့ ရင်းရင်းနှီးနှီးပေါင်းသင်းနေသူ။တွဲသွားတွဲလာ လုပ်တတ်သူ။ ဒီတော့ ဒလန်ရှင်းဖို့ အစီအစဉ်ရှိနေတဲ့ ပြောက်ကြားအဖွဲ့က သတိပေးတယ်လို့ဆိုတယ်၊ဒလန်တွေနဲ့ တွဲသွား တွဲလာမလုပ်ဖို့…။

သို့သော် သွားနေကျအတိုင်း အတူ အသွား၊အလာ ဆက်လုပ်တယ်။ဒလန်ရှင်းတဲ့အချိန်ရောက်တော့ တပါတည်း အတူအသတ်ခံခဲ့ရတယ်။အဲ့ဒီသတ်ဖြတ်မှုကို တာဝန်ခံတဲ့ ပြောက်ကြားတပ်ဖွဲ့ကတော့ သတိပေးပြီးဖြစ်တဲ့အပြင် ရဲဘော်တွေလုံခြုံရေးအတွက် အဖော်အမျိုးသမီးကိုပါ တပါတည်း သတ်ဖြတ်ခဲ့တာလို့ဆိုတယ်။

လုံလောက်တဲ့ အကြောင်းပြချက်ဟုတ်မဟုတ် စဉ်းစားကြရမှာပါ။ကိုယ်တိုင် အသက်နဲ့ရင်းမထားသူ တယောက် အနေနဲ့ ဘေးထိုင်ဘုပြော၊ဆရာလုပ်တယ်လို့ မယူဆစေလိုပါ။

နွေဦးဟာ တရားမျှတမှုအတွက် လျှောက်ခဲ့တဲ့ လမ်းဖြစ်တာကို ဒီခရီးလမ်းပေါ် လျှောက်လှမ်းနေသူအားလုံး မမေ့မလျော့သတိပြုကြရမှာပါ။နွေဦးဟာ မတရားမှုတွေကို တော်လှန်နေတာဖြစ်တယ်။ဒီလမ်းပေါ် လျှောက် နေသမျှ ဒီခရီးရဲ့ ပန်းတိုင်နဲ့ စံတန်ဖိုးတွေကိုတော့ လက်ကိုင်ပြုကြရမှာဖြစ်ပါတယ်။

ပိုပြီးသတိပြုဖို့လိုတာက နွေဦးဟာ ပြည်သူဆီက မြစ်ဖျားခံလာပြီး ပြည်သူတွေရဲ့ တွန်းအား၊ရုန်းအားနဲ့ ဒီအထိ ခရီးပေါက်လာတာဖြစ်တယ်။နာကျင်မှုတွေကြားက “ငါတို့ ပြည်သူ့စစ်သားဆိုတာ ဒီလိုဟေ့”လို့ ကြွေးကြော် ဂုဏ်ယူသံတွေကို မမေ့မလျော့ ရှိနေကြရမှာပါ။

အကြမ်းဖက်စစ်တပ်က ဆိုးယုတ်သမျှ တုနှိုင်းပြုမူနေ မယ်၊နှိုင်းယှဉ်ဖြေလျှော့ပေးနေမယ်ဆိုရင်တော့ နွေဦးရဲ့ တန်ဖိုးနဲ့ ပုံရိပ်ကလည်း ကျဆင်းသွားမှာပါ။တဖက်က အကြမ်းဖက်စစ်တပ်ကလည်း သွေးခွဲဖို့၊ပုံဖျက်ဖို့ အ သင့်ရှိနေတယ်ဆိုတာလည်း ဂရုပြုရမှာပါ။

ကိုယ်တိုင်က တပြည်လုံး မီးလောင်တိုက်သွင်းနေပြီး ပြည်သူ့ဆန္ဒကိုတော့ လက်နက်မဲ့ဘဝကတည်းက “အကြမ်းဖက်” တွေလို့ အကြိမ်ကြိမ် စွပ်စွဲနေတဲ့ စစ်ကောင်စီက ဆောမြို့နဲ့ မန္တလေးမြို့က ဖြစ်ရပ်တွေအပေါ် မြန်မြန်ဆန်ဆန် နိုင်ငံရေး “ဖျာ”ဝင်ခင်းတာကိုကြည့်ရင်ပဲ ဘယ်လောက်ပုံဖျက်ချင်နေလဲဆိုတာ သိသာပါတယ်။

အဲ့ဒီလို ကိုယ်ပေါင်ကိုယ်လှန်ထောင်းစရာတွေ၊ဝမ်းနည်းစရာအဖြစ်တွေနဲ့ ဒီသီတင်းပတ်မှာ နွေဦးတို့ ပြုံးပျော်ရမယ့် အောင်ပွဲတွေလည်းရှိတယ်။ဒဏ်ရာဒဏ်ချက်တွေ ဗရပွနဲ့ စစ်ကိုင်း၊မကွေး အညာလွင်ပြင်ဟာ အကြမ်းဖက် စစ်တပ် ဖြိုဖျက်လို့မရနိုင်သေးတဲ့ နွေဦးခံတပ် ဖြစ်နေတုန်းပါပဲ။

ကန့်ဘလူမှာ မောင်းပြန် ၂၀ကျော်အပါအဝင် လက်နက်ခဲယမ်းတွေ အများအပြားရလိုက်တဲ့ တိုက်ပွဲဟာ အညာ လွင်ပြင်ရဲ့ များပြားလှတဲ့ အောင်ပွဲတွေထဲ ထပ်တိုးလာတဲ့ မှတ်တမ်းတခုဖြစ်တယ်။အဲ့ဒီလိုပဲ မီးရှို့ခံရလို့ ပြာပုံ တွေထပ်တိုးလာတာ၊လေကြောင်းနဲ့ပစ်၊တွေ့ရာလူ ဖမ်းဆီးသတ်ဖြတ်ခံရလို့ အလောင်းတွေ ထပ်တိုးလာတာ တွေကလည်း အညာလွင်ပြင်မှာ ထပ်တိုးလာတဲ့ ဒဏ်ရာတွေပါ။

အညာလွင်ပြင်က နွေဦးနေ့ရက်တွေဟာ တထောင့်တည ပုံပြင်တွေထက် ရှည်လျားမယ့်ပုံပါ။ ခါးတောင်မြှောင်နေ အောင်ကျိုက်၊လယ်စိုက် ထန်းတက်ဆိုတဲ့ ပုံရိပ်တွေအစား အညာလွင်ပြင်ရဲ့ trademark ဟာ မီးလောင်ပြင် တွေ ဖြစ်လာတာ ကြာပြီမဟုတ်လား….။

အခုလဆန်းပိုင်းတုန်းက ပြည်သူတွေကြား လူကြိုက်များသူတွေဖြစ်ခဲ့ပေမယ့်တိတ်တဆိတ် လူမသိ၊သူမသိ အမှောင်ခန်းငယ်တွေထဲရောက်သွားသူတချို့အကြောင်းပြောရင်း ဒီတပတ်နှုတ်ဆက်ကြရအောင်ပါ။

“ရှစ်လေးလုံး ထီးသပိတ်” ဆိုတာနဲ့ ဆူးလေ စေတီတော်နောက်ခံနဲ့ အနက်ရောင်ထီးလေးလက်၊ လူငယ်လေး ယောက်ကို တခါတည်းမြင်ယောင်လာတဲ့အထိ ထီးသပိတ်ဟာ နာမည်ကျော်ခဲ့တယ်။မွန်းကျပ်မှုတွေကြားက တော်လှန်သွေးတွေကို ပိုပြီးတက်ကြွလာစေခဲ့တာ အားလုံးအသိ။

အဲ့ဒီအထဲက လူငယ်နှစ်ယောက် ကမ္ဘာပျက်နေချိန်မှာတော့ ဘယ်သူမှ မသိကြရ။ဖမ်းဆီးခံရပြီး ရက်ပိုင်းအကြာ မှ သာ သိခွင့်ရခဲ့ကြတယ်။

လူထုကို စစ်ဖိနပ်အောက်ပြားပြားဝပ်နေစေချင်တဲ့ အကြမ်းဖက်စစ်ကောင်စီဟာ လူထုရဲ့ တော်လှန်သွေးကို လှုပ် နိုးစေနိုင်တဲ့ လုပ်ရပ်၊လူပုဂ္ဂိုလ်မှန်သမျှကို အငြှိုးတကြီး ရှာဖွေဖမ်းဆီးတတ်တယ်ဆိုတာ ဒီဖြစ်ရပ်က နောက်ထပ် သက်သေပါ။

ဒီတော့ စစ်ဖိနပ်အောက် ပြားပြားဝပ်မနေလိုသူတိုင်း တော်လှန်စိတ်နဲ့ ရှင်သန်နေထိုင်တာကိုက ရရာနည်းနဲ့ တော်လှန်နေခြင်းဖြစ်တယ်ဆိုတာ သတင်းစကားပါးလိုက်ရကြောင်းပါ။