မြောက်ဥက္ကလာက ရပ်ကွက်အုပ်ချုပ်ရေးရုံး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံးမှုရှိ

မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းလက်လုပ်မိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့အင်အားစု (UMCD) ကထုတ်ပြန်ပါတယ်။
“မနေ့ညက ပေါက်ကွဲသံအကျယ်ကြီးတချက်ကြားလိုက်ရတယ်၊ထိခိုက်မှုကိုတော့သေသေချာချာမသိရဘူး၊ စခ တွေနဲ့ ဒလန်တွေသေတယ်လို့တော့ကြားတယ်” လို့ မြောက်ဥက္ကလာ (ဌ)ရပ်ကွက် အနီးက (ည) ရပ် ကွက်မှာ နေထိုင်တဲ့ ပြည်သူတဦးက DNA ကိုပြောပါတယ်။
အဲ့ဒီဖောက်ခွဲမှုကို မနေ့က ဩဂုတ် ၂၆ရက်ညပိုင်း (ဌ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထဲ စစ်ကောင်စီ ထောက် လှမ်း ရေးတွေလို့ယူဆရတဲ့ အရပ်ဝတ်တွေရှိနေချိန်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီလက်ပါးစေ လေးဦး သေဆုံးခဲ့ တယ်လို့ သိရတယ်လို့ (UMCD)ကဆိုပါတယ်။
ဖောက်ခွဲတိုက်ခိုက်မှုအပြီးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လူနာတင်ယာဉ်တွေရောက်လာပြီး စစ် ကောင်စီ တပ်ဖွဲ့ ဝင်တွေက ရုံးအနီးပတ်ဝန်းကျင်ကို လမ်းပိတ်စစ်ဆေးတာတွေလည်း လုပ်ခဲ့တယ်လို့သိ ရပါတယ်။
ဒီဖောက်ခွဲတိုက်ခိုက်မှုကို (UMCD)အဖွဲ့နဲ့ အဲ့ဒီအဖွဲ့ရဲ့ မဟာမိတ် Rawt Malan HpyenLa – RMH (တော် လှန် ရေး ရဲဘော်)ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေကတော့ ပေါက်ကွဲမှုအပြီး မနေ့ ကညပိုင်း ကတည်းက ဘေးကင်းရာရောက်ရှိခဲ့ပြီးဖြစ်တယ်လို့ (UMCD)အဖွဲ့ရဲ့ထုတ်ပြန်ချက် မှာဖော်ပြ ထားပါတယ်။
အခုနှစ်ဆန်းပိုင်း ဇန်နဝါရီလတုန်းကလည်း မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ပေါက်ကွဲမှုတကြိမ်ဖြစ်ခဲ့ပြီး အဲ့ဒီပေါက်ကွဲမှုမှာတော့ ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပါဘူး။