ထီးလင်းမြို့နယ်၊ စစ်ကောင်စီစစ်ကြောင်းကို ယောဒေသကာကွယ်ရေတပ်ဖွဲ့(YDF) ကတိုက်ခိုက်လို့ စစ်သား ငါးဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရကြတယ်လို့ YDF ဗျူဟာမှူး သခင်ဇော်ကDNAကို ပြောပါတယ်။
“ချုံခိုတိုက်တာပေါ့။ အနည်းဆုံး ငါး ယောက်တော့သေတယ်ဗျ၊တိုက်ပွဲပြီးတော့ ဒဏ်ရာရရှိတဲ့သူတွေကို ထမ်း စင်လေးစင်နဲ့ သယ်သွားကြတယ်” လို့ သခင်ဇော်ကပြောပါတယ်။
ထီးလင်းမြို့နယ်ကရွှေခုံတိုင်ကျေးရွာမှာ ညအိပ်ပြီးထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို အဲ့ဒီကျေးရွာတောင်ဘက်သုံးမိုင်ဝန်းကျင်အကွာအရောက် သြဂုတ်လ ၂၄ ရက် မနက် ၈ နာရီဝန်းကျင်မှာ YDF ကအနီးကပ်ချုံခိုတိုက်ခိုက်ခဲ့တာပါ။
အဲ့ဒီချုံခိုတိုက်ခိုက်မှုကို YDF-Htilin (တပ်ရင်း- ၇၊၈) က တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ YDF – Htilin ကထုတ်ပြန်ပါတယ်။