ဒီကနေ့ ဩဂုတ်လ ၂၂ရက်နေ့မှာတော့ အမေရိကန်နဲ့တောင်ကိုရီးယားဟာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ စတင်နေပြီလို့ တရားဝင်ပြောကြားလိုက်ပါတယ်။
မဟာမိတ်တွေဖြစ်တဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ မြောက်ကိုရီးယားရဲ့ အလားအလာရှိတဲ့ လက်နက်စမ်းသပ်မှုတွေကို တင်းကြပ်ဖို့ ကြိုးစားနေချိန် အခုလို ပူးတွဲစစ်ရေးလေ့ကျင်မှု ပြုလုပ်တာ ဖြစ်ပါတယ်။
Ulchi Freedom Shield လို့နာမည်ပေးထားတဲ့ နွေရာသီလေ့ကျင့်ရေးဟာ စက်တင်ဘာ၁ရက်နေ့အထိ ပြုလုပ်သွားမှာပါ။ တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုကတော့ စစ်ရေးပူးတွဲ လေ့ကျင့်တာဟာ ပုံမှန်အခြေအနေဖြစ်ပြီး မြောက်ကိုရီးယားရန်ကနေ ဟန့်တားဖို့ လုပ်ဆောင်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် တောင်ကိုရီးယားဟာ Ulchi လို့ အမည်ပေးထားတဲ့ အရပ်ဘက်ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုကိုလည်း လေးရက်ကြာပြုလုပ်ခဲ့ပြီး ဒါဟာ ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားနောက် ပထမဆုံး ပြုလုပ်တာလည်း ဖြစ်ပါတယ်။
စစ်ရေးနဲ့ အရပ်ဘက်ကာကွယ်ရေး လေ့ကျင့်မှုတွေဟာ အဓိကကျတဲ့ချစ်ပ်နဲ့ နည်းပညာကွန်ရက် ထုတ်လုပ်မှုကိုဆန့်ကျင်တဲ့ နည်းပညာခြိမ်းခြောက်မှုတွေအပါအဝင် စစ်ရေးနည်းပညာတွေ တိုးတက်စေဖို့
ဖြစ်တယ်လို့ သမ္မတ ယွန်းဆက်ယိုက ဆိုပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ဆောင်တာဟာ ကျနော်တို့ရဲ့ လုံခြံရေးအနေအထားကို ကာကွယ်တာ ဖြစ်တယ်လို့ သမ္မတက အစိုးရဝန်ကြီးတွေ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
၂၀၁၇ခုနှစ်နောက်ပိုင်း ဒါဟာအကြီးဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုဖြစ်ပါတယ်။ မြောက်ကိုရီးယားကတော့ တောင်ကိုရီးယားနဲ့ အမေရိကန်ဟာ ကျူးကျော်ဖို့ အကြိုလေ့ကျင့်နေတာလို့ ပြောဆိုထားပါတယ်။
အမေရိကန်-တောင်ကိုရီးယား အကြိုပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ စတင်ခဲ့တဲ့ ပြီးတဲ့ခဲ့သီတင်းပတ်မှာ မြောက်ကိုရီးယားရဲ့ အနောက် ကမ်းရိုးတမ်းကနေ ခရုဇ် ဒုံးကျည်၂စင်း ပစ်လွှတ်ခဲ့ပါသေးတယ်။