ဖျာပုံက အကြမ်းဖက် စစ်ကောင်စီရဲ့ ဧည့်ရိပ်သာ ဗုန်းခွဲတိုက် ခိုက်ခံရ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့ရှိ စစ်ကောင်စီရဲ့”ရွှေရတု”ဧည့်ရိပ်သာ အနီးမှာ ဒီနေ့ ဇူလိုင် ၃၀ ၊ မနက် ၁၁ နာရီကျော်က အမည်မသိတပ်ဖွဲ့က ဗုန်းခွဲ တိုက်ခိုက်တာ ခံခဲ့ရပါတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
“ခန်းမထဲမှာက စစ်ကောင်စီ လပတ်အစည်း အဝေးလုပ်နေကြတာ၊ ဝုန်းကနဲ အသံလည်း ထွက်လာပြီးရော အကုန်ပြေးကြလွှားကြနဲ့ ဖြစ်ကုန်တယ်” လို့ ဆိုပါတယ်။
ပန်းခြံအနီးမှာ စစ်ကောင်စီတပ်က လမ်းကိုပိတ်ဆို့ပြီး စစ်ဆေးရေး လုပ်နေတဲ့အချိန် “ရွှေရတု”ခန်းမဘက်က ပေါက်ကွဲ သံထွက်ပေါ်ပြီး စစ်သားတွေ ခန်းမဘက်ကို ပြေးသွားသလို ခန်းမဘက်ကလည်း ပြေးထွက်လာကြတာတွေ ရှိတယ်လို့ မျက်မြင် တွေ့ရှိသူတွေက ပြောပါတယ်။
ဒါပေမယ့် ဒီ ဗုံးပေါက်ကွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ် ဆိုတာကိုတော့ သတင်းတစ်စုံတရာ ထုတ်ပြန်ထားတာမျိုးမရှိသေး ပါဘူး။
ဇူလိုင်လ နောက်ဆုံးပါတ် အတွင်းမှာ ဖျာပုံခရိုင်အတွင်းက ဒေသခံတော်လှန်ရေး သ မားတွေရဲ့ ဆက်တိုက် ဗုန်းခွဲတိုက်ခိုက်မှုတွေရှိနေပြီး၊ ဇူလိုင် ၂၆ ရက်နေ့က ဒေးဒရဲ ​မြစ်ကူးတံတား စစ်ဆေးရေးဂိတ်မှာလည်း ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
၂၈ ရက်နေ့ကလည်း ဖျာပုံ – ကျိုက်လတ် ကားလမ်း ဖျာပုံမြို့ဝင် ချောင်းတွင်းတံတား စစ်​ဆေးရေးဂိတ်မှာ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး ဗုံးပေါက်တာကို စစ်ဆေးပြီးပြန်သွားတဲ့ အကြမ်းဖက်စစ်ကောင်စီကားဟာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
အဲဒီလို တိုက်ခိုက်ခံခဲ့ရရာမှာ စစ်ကောင်စီတပ်ဖွဲ့က ဗိုလ်တစ်ဦး၊ဒုရဲအုပ်တစ်ဦး၊ရဲ၃ဦးနဲ့ စစ်သား ၅ဦး ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။