နယူးဇီလန်မှာ ရင်းနှီးမြှုပ်နှံသူ ရွှေ့ပြောင်းဗီဇာအသစ်ကို စတင်

Photo – Reuters

ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် အတွေ့အကြုံရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ဖို့ ရင်းနှီးမြုပ်နှံသူ ရွှေ့ပြောင်းဗီဇာအသစ်ကို စတင်လုပ်ဆောင်ခဲ့တယ်လို့ နယူးဇီလန်အစိုးရက ဇူလိုင်လ ၂၀ ရက် မနေ့က ပြောကြားလိုက်ပါတယ်။

Active Investor Plus ဗီဇာအသစ်ဟာ ရင်းနှီးမြှုပ်နှံမှုဗီဇအဟောင်းတွေကို အစားထိုးမှာဖြစ်ပြီး နယူးဇီလန်စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့အတွက် ရွှေ့ပြောင်းနေထိုင်သူတွေ လိုအပ်မှာဖြစ်တယ်လို့ စီးပွားရေးနဲ့ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဗီဇာဟောင်းတွေဟာ နယူးဇီလန်ကုမ္ပဏီတွေဆီ တိုက်ရိုက်ရင်းနှီးမြှုပ်နှံတာ မဟုတ်ပဲ အစုရှယ်ယာတွေနဲ့ ငွေချေးစာချုပ်တွေမှာသာ ရွှေ့ပြောင်းရင်းနှီးမြှုပ်နှံတာတွေ မကြာခဏဖြစ်ပေါ်နေတယ်လို့ သူက ဆက်ပြောထားပါတယ်။

“ကျွန်တော်တို့ဟာ နယူးဇီလန်မှာ တက်ကြွတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးချင်ပါတယ်၊ ဒါဟာ ငြိမ်သက်နေတဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ယှဉ်ရင် ပိုပြီးကျွမ်းကျင်တဲ့ အလုပ်အကိုင်တွေနဲ့ စီးပွားရေးတိုးတက်မှုကို ဖြစ်လာစေမှာပါ”လို့ Nash က ပြောပါတယ်။

ဗီဇာအသစ်အတွက် အရည်အချင်းသတ်မှတ်ချက်တွေကတော့ အနည်းဆုံး နယူးဇီလန်ဒေါ်လာ ၅ သန်း  ရင်းနှီးမြှုပ်နှံရမှာဖြစ်ပြီး ပါတယ်။ အဲဒီဗီဇာကို ၂၀၂၂ခုနှစ် စက်တင်ဘာ ၁၉ မှာ ဖွင့်လှစ်မှာဖြစ်တယ်လို့ သိရပါတယ်။