မနေ့ညက မြ၀တီမှာ ယာဉ်ထိမ်းရုံး ဗုန်းပေါက်

Photo – CJ
မြဝတီမြို့မ ရဲစခန်း၊ အနောက်ဘက် လမ်းဆုံ၊ ယဉ်ထိန်းရုံးအနီးမှာ မနေ့ည ဇူလိုင်လ ၁၉ ရက် ၁၀ နာရီဝန်းကျင်လောက်မှာ ဗုန်းပေါက်ကွဲမှု့ ဖြစ်ပွားခဲ့လို့ အနီးဝန်းကျင် နေအိမ်အချို့ ပြတင်းတံခါးမှန်တွေ ကွဲအက်တဲ့အထိ ပြင်းထန်ခဲ့တယ်လို့ မြဝတီမြို့ခံတဦးက ပြောပါတယ်။
“ညက ရဲစခန်းအနောက်ဘက် စာတိုက်နားက ယဉ်ထိန်းရုံးသေးလေးနားမှာ ဗုန်းပေါက်တာ၊ အသံတော်တော်ကျယ်ပြီး ယမ်းမီးခိုးတွေ အလုံးလိုက် ထွက်လာတာ တွေ့ရတယ်။ အိမ်တွေ တုန်သွားတော့ ပြင်တင်းပေါက်မှန်တွေ ကွဲတယ်၊ တချို့ အက်ကုန်တယ်။ ထ ၁ ကျောင်းဆောင်တွေက မှန်ပြတင်းပေါက်တွေ တချို့ကွဲအက်ကုန်တယ်တော့ သိရတယ်။ အဲဒီ ရဲစခန်းနား ပတ်ခြာလည်နဲ့ ယဉ်ထိန်းရုံးနေရာတွေက ညဘက် ဗုန်းပေါက်တာ ၅ ကြိမ်လောက်ရှိပြီ ။ ထိခိုက်တာမျိုးတာ့ မရှိသေးဘူး ။ အခုတခါက အသံပိုကျယ်ပြီး ပေါက်ကွဲအား ပြင်းတယ်လို့” ဗုန်းပေါက်ကွဲတဲ့နေရာ အနီးမှာ နေထိုင်သူ တဦးကလည်း ပြောပါတယ်။
ပေါက်ကွဲအားပြင်းထန်ခဲ့ပေမယ့် လူသွားလူလာ နည်းပါးတဲ့ ည ၁၀ နာရီ ဝန်းကျင်မှာ ပေါက်ကွဲခဲ့လို့ အထိအခိုက် မရှိတာလို့လည်း သုံးသပ်ပါတယ် ။
မြ၀တီမြို့ ပေါ် စစ်ကောင်စီ ဌာနဆိုင်ရာ ရုံးတွေ ၊ BGF ကရင်နယ်ခြားစောင့်တပ် ရုံး ၊မြို့မ ရဲစခန်း ၊ ကြံခိုင်ရေးပါတီ ရုံး အနီး နှင့် မြ၀တီ မဲ့ဆောက် ချစ်ကြည်ရေးတံတား အမှတ် ၁ အနီး နေရာ နဲ့ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှုး ရုံးခန်းနေရာ တချို့မှာ စစ်အာဏာသိမ်း ဖြစ်စဉ် နောက်ပိုင်း ဗုံးပေါက်ကွဲမှု့ အကြိမ် ၂၀ ထက် မနည်းရှိပြီ ဖြစ်ပါတယ်။အဲဒီလို ဗုန်းပေါက်ကွဲမှု ဖြစ်စဉ်တွေကြောင့် ရုံး ၊နေအိမ် ၊ အဆောက်အဦး တချို့ ၊ ဆိုင်ကယ်၊ အိမ်စီးကားအချို့ ပျက်စီးမှု့တွေ ရှိခဲ့ပြီး မနေ့ည က ဗုံးပေါက်မှု့ ဖြစ်စဉ်အထိ လူ ထိခိုက်သေဆုံးဒါဏ်ရာ ရရှိမှုမရှိသေးဘူးလို့ သိရပါတယ်။