မိုးများပြီး မြေပြိုမှုကြောင့် ကလေး – ဟားခါး ကားလမ်းခရီးစဥ်တွေ ရပ်ဆိုင်း

Photo – CJ
ချင်းပြည်နယ်၊ ကလေးမြို့မှာ ဇူလိုင် ၁၄ ရက်က မိုးသည်းထန်စွာ ရွာသွန်းစွာသွန်းမှုကြောင့် ကလေး-ဖလမ်း-ဟားခါးလမ်းပိုင်းပြေးဆွဲနေတဲ့ ကားလမ်းခရီးစဥ်တွေ ရပ်ဆိုင်းထားရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“ဖလမ်းကိုသွားလို့မရဘူး။ ကျနော်တို့ တီးတိန်က ကားတွေဒီမနက်မြို့ထဲကို ပြန်လှည့်လာကြတယ်” လို့ တီးတိန်မြို့ခံတစ်ဦးက ပြောပါတယ်။
လမ်းမြေပြိုကျတဲ့နေရာဟာ တီးတန်မြို့နယ် သိုင်းငင်းကျေးရွာအထွက် ကလေး-ဖလမ်းကားလမ်း၊မိုင်တိုင် ၃၂ နဲ့ ၃၃ ကြားမှာ ဖြစ်တယ်လို့သိရပါတယ်။
သိုင်းငင်းရွာအထွက်၊ တီးတိမ်မြို့ဖက်ကိုသွားတဲ့လမ်းနဲ့ ဖလမ်းမြို့ကိုသွားတဲ့လမ်းခွဲနှစ်ခုရှိပြီး ဖလမ်းဘက်ကိုသွားတဲ့လမ်းပိုင်းမှာ ကားလမ်းမြေပြိုကျတဲ့အတွက် လက်ရှိမှာ ကလေးမြို့ကနေ တီးတိန်ဘက်ကိုသာ သွားလာလို့ရပြီး ဖလမ်း- ဟားခါးဘက်ကို သွားလာလို့မရဘူးဖြစ်နေတာလို့ ဒေသခံတွေကဆိုပါတယ်။
“ကားတွေပြန်လှည့်ခဲ့ရတယ်။ ဘယ်နေ့မှသွားလို့ရမယ်ဆိုတာ အတိအကျမပြောနိုင်သေးဘူး” လို့ ကလေးမြို့ ကားသမားတစ်ဦးကပြောပါတယ်။
ချင်းပြည်နယ်ရှိ ကားလမ်းတွေဟာ နှစ်စဥ်မြေပြိုကျမူဖြစ်ပွားလေ့ရှိပြီး အခုအခါမှာ လမ်းမြေသားပြိုကြတာကြောင့် လမ်းပိုင်းပြေးဆွဲနေတဲ့ခရီးစဥ်အချိန်အတန်ကြာ ရပ်နားရမယ့်အခြေအနေရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။