ကလေး၊ တာဟန်းရပ်ကွက်မှာ ညဦးပိုင်းက စပြီး ပစ်ခတ်မှု ဖြစ်ပွားနေ

ဇူလိူင်လ ၁၄ ရက် ဒီနေ့၊ ညနေ ၆:၃၀ နာရီဝန်းကျင်ကစပြီး ကလေး
မြို့အနောက်ပိုင်း တာဟန်းရပ်ကွက်မှာ ပစ်ခတ်မူများဖြစ်ပွားလျက်ရှိတယ်လို့ တာဟန်းရပ်ကွက်သားတဦး DNA ကိုပြောပါတယ်။
” ကလေးတွေ နေကြာတိုက်နားက ကင်းကိုလာပစ်တာ။ ဒီကောင်တွေ နှစ်ယောက်လောက်ထိတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတဲ့အတွက် တာဟန်းရပ်ကွက် (F group) စာသင်ကျောင်းနားကလူနေအိမ်တစ်လုံး လက်နက်ကြီးကျည်စတွေထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ကလေးမြို့အနောက်ပိုင်း၊တာဟန်းရပ်ကွက်မှာ ပစ်ခတ်မူတွေစတင်ပြီး မကြာမီ ကလေးမြို့အရှေ့ပိုင်း သဇင်ရ​ပ်ကွက် လမ်းမတော်လမ်းဘေးရှိ သူနာပြုကျောင်းမှာ ကင်းချထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့က လမ်းပေါ်ဆိုင်ကယ်နဲ့ သွားလာနေသူတွေကို ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူနှစ်ဦး ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ည ၈ နာရီ ခွဲလောက်အထိ တာဟန်းရပ်ကွက်မှာ သေနတ်ပစ်ခတ်သံတွေကြားနေရစဲဖြစ်ပြီး၊ လက်နက်ကြီးသံတွေကိုလည်း တခါတရံ ကြားနေရစဲ လို့ သိရပါတယ်။ ကလေးမြို့ ၂၂၈ တပ်က စစ်ကားသုံးစီးဟာ တာဟန်းဘက်ကို အမြန်မောင်းသွားတယ်လို့ လမ်းမကြီးဘေးနေထိုင်သူတွေဆီကသိရပါတယ်။