စစ်ကိုင်းတိုင်းအတွင်း သွေးမအေးတဲ့ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ပြည်သူတွေဟာဒီနေ့ ဇူလိုင်လ ၁၃ရက် မနက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။
“သွေးမအေးတဲ့ရွှေနွယ်သွေးသပိတ်စစ်ကြောင်း” ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြမှု (၄၃၈)ရက်မြောက်နေ့လဲ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုက စစ်ကိုင်းတိုင်းကို အင်တာနက်ဖြတ်တောက်ပြီး ထိုးစစ်ဆင်တာ နေအိမ် တွေ၊ရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေပြုလုပ်နေပေမယ့် စစ်ကိုင်းတိုင်းမှာနေ့စဉ်မပျက်စစ်အာဏာရှင်ကို ချီတက်ဆန္ဒပြနေတာပါ။