ဂျပန်ဝန်ကြီးချုပ်ဟောင်းရဲ့ဈာပနကို ထိုင်ဝမ်ဒုသမ္မတ တက်ရောက်လာတာနဲ့ ပတ်သက်ပြီး တရုတ် ကန့်ကွက်

Photo – Reuters

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ဈာပနအခမ်းအနားကို တတ်ရောက်လာတဲ့ ထိုင်ဝမ်ဒုသမ္မတ William Lai  နဲ့ပတ်သတ်ပြီး ဂျပန်နိုင်ငံရှိ တရုတ်သံရုံးက အစိုးကို ပြင်းပြင်းထန်ထန် တင်ပြထားတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင်လ ၁၂ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

William Lai  ဟာ အာဘေးရဲ့မိတ်ဆွေအဖြစ် ဂါရဝပြုဖို့ ဂျပန်နိုင်ငံကို သီးသန့်လာရောက်ခဲ့တာဖြစ်တယ်လို့ ဂျပန်အရာရှိတစ်ဦးက ဖော်ပြထားပါတယ်။

အခုလိုသွားရောက်တာဟာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်နိုင်ငံကို သူ့ရဲ့ပိုင်နက်နယ်မြေအဖြစ် အမြဲတစေသတ်မှတ်နေတဲ့ တရုတ်နိုင်ငံအတွက် စိတ်အနှောင့်အယှက်ဖြစ်စေမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။

“ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် ဒု-သမ္မတလို့ ခေါ်ဆိုတာ မရှိပါဘူး၊ ဂျပန်ဝန်ကြီးချုပ်ဟောင်း အာဘေး လုပ်ကြံခံရပြီးနောက် ထိုင်ဝမ်အာဏာပိုင်တွေဟာ နိုင်ငံရေးအရ ကြိုးကိုင်ခြယ်လှယ်ဖို့ အခွင့်အရေးကို အသုံးပြုခဲ့တာပါ၊ ဒီလို အကြံအစည်မျိုး အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” လို့  တရုတ်ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က မဲဆွယ်စည်းရုံးပွဲမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ အာဘေးဟာ ထိုင်ဝမ်ကျွန်းကို ထောက်ခံအားပေးတဲ့သူတစ်ဦးဖြစ်ပြီး ဇူလိုင်လ ၁၁ရက်နေ့က သမ္မတ Tsai Ing-Wen ကိုယ်တိုင် ထိုင်ဝမ်အခြေစိုက် ဂျပန်သံရုံးကို သွားရောက်ဂါရဝပြုခဲ့ပါတယ်။

William Lai  ဟာ ဇန်နဝါရီလက သံတမန်မဟာမိတ် ဟွန်ဒူးရပ်စ်နိုင်ငံ ကိုသွား‌ရောက်ခဲ့ပြီး အမေရိကန်ဒုသမ္မတ Kamala Harris နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။ အဲဒီကိစ္စဩာ အမေရိကန်နဲ့ တင်းမာနေချိန် တရုတ်ကို အလွန်အမင်း ဒေါသဖြစ်စေတဲ့ ရှားရှားပါးပါးတွေ့ဆုံမှုဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။