မုံရွာ-မန္တလေးလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ကို PDF-South Monywa က မိုင်းဆွဲတိုက်ခိုက်

မုံရွာ-မန္တလေးလမ်းပိုင်းအတိုင်း ခြေလျင်တက်လာတဲ့ စစ်ကြောင်းနဲ့ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေကို People Defence Force – South Monywa က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ ၉ ဦးထက်မနည်း သေဆုံး​ခဲ့တယ်လို့ PDF-South Monywa က ထုတ်ပြန်​ပါတယ်။
ဒီကနေ့ ဇူလိုင်လ ၁၂ ရက် ၊ မနက်ပိုင်းက မုံရွာ-ချောင်းဦး လမ်းပိုင်းမှာ People Defence Force- South Monywa အဖွဲ့က သတင်းအရ ကြိုတင်စောင့်ဆိုင်းနေစဉ်မှာ စစ်သားလေးဦးဟာ ကင်းပုန်းစောင့်ဖို့ ရောက်ရှိ လာတာကြောင့် မိုင်းပေါ်တည့်တည့်အရောက်မှာ ၂ လုံးတွဲမိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် ၄ ဦးစလုံး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နောက်ကနေ ခြေလျင်တက်လာတဲ့ စစ်ကြောင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စောင့်ဆိုင်းနေတဲ့ နေရာကိုရောက်ရှိလာချိန်မှာလည်း ၅ လုံးတွဲ ပဒေသာမိုင်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ၅ ဦး ထက်မနည်း ထပ်မံ သေဆုံးခဲ့တယ်လို့လည်း People Defence Force- South Monywaရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တိုက်ခိုက်မှုတွေလုပ်ဆောင်ပြီးနောက်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်အထိအခိုက်မရှိ မပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ People Defence Force- South Monywa ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
မိုင်းခွဲတိုက်ခိုက်မှုတွေပတ်သတ်ပြီး နောက်ဆက်တွဲ အခြေအနေကိုPeople Defence Force- South Monywa ဆီ DNA ကဆက်သွယ်မေးမြန်းမှုတွေ ပြုလုပ်ထားပေမယ့် အဆက်အသွယ်ပြန်မရသေးပါဘူး။