ကနီမှာ ကျေးရွာ ၂ ရွာပေါင်း ဆန္ဒပြပွဲ ပြုလုပ်

စစ်ကိုင်းတိုင်း ကနီမှာကျေးရွာ ၂ ရွာပေါင်းပြီး ဒီနေ့ ဇူလိုင်လ ၁၁ ရက်နေ့မှာ စစ်အာဏာရှင် ဆန်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ ဆန္ဒပြပွဲကို နွေဦးတော်လှန်ရေး သပိတ်အင်အားစုမှ ဦးဆောင်ပြီး “၅/ကနန လူထုသပိတ် ၊ ပြည်သူသည်သာ အဓိက” စာသား ကိုင်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ကြွေးကြော်ချီတတ် ဆန္ဒပြခဲ့ကြတာပါ။
စစ်အာဏာရှင် ဆန်ကျင်ရေး တရားတွေဟောပြောကြပြီး သွေးသစ္စာသီချင်း ကို သံပြိုင်သီဆိုကာ သပိတ်ဟောပြောပွဲ ပြီးမြောက်အောင်မြင်ခဲ့ပါတယ်။
Photo – ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစု