စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အဝင်မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်ကို ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force (ရွှေဘိုခရိုင်တပ်ရင်း၂၄) တာဝန်ရှိသူတဦး က DNA ကိုပြောပါတယ်။
““ရည်ရွယ်ချက်ကတော့ ပြည်သူတွေကို အကြောက်တရားနဲ့ ဖိနှိပ်သလို သူတို့ကိုလည်း အကြောက်တရား၊ မလုံခြုံမှုတွေနဲ့ ထပ်တူခံစားရအောင် ရည်ရွယ်ပါတယ်။ ခုချိန်ထိ တော့ သူတို့ဘက်က အကျအဆုံးကို မသိရသေးပါဘူး။ ထိခိုက်ဒါဏ်ရာ ရရှိတယ်လို့ပဲ ကြားမိပါသေးတယ်”လို့ ဆိုပါတယ်။
စစ်ဆေးရေးဂိတ်ကို ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ၂ ကြိမ်တိုင်ပစ် ခတ် တိုက်ခိုက်ခဲ့တဲ့အချိန်မှာ အကြမ်းဖက်စစ်အုပ်စုဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေး အင်အားစုတွေ အနေနဲ့ ပြည်သူတွေကို ကာကွယ်ပေးရမှာဖြစ်တဲ့ အတွက် မတရားသဖြင့် လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေကြတာကို စစ်ဆေးတွေ့ရှိလာခဲ့ရင် ရရာနည်းနဲ့တိုက်ခိုက် သွားမယ်လို့လည်း Freedom Revolution Force (ရွှေဘိုခရိုင်တပ်ရင်း၂၄) တာဝန်ရှိသူက ပြောပါတယ်။
ပြည်သူတွေအနေနဲ့လည်း တော်လှန်ရေးကာလဖြစ်တဲ့ အတွက် လူအားဖြင့် မပါဝင်နိုင်ရင်တောင် ငွေအားနဲ့ပါဝင်ပေးပြီး လက်နက်ခဲယမ်းဖြည့်တင်းဖို့အတွက် အစွမ်းကုန် ကူညီပေးကြဖို့လည်း တောင်းဆိုလိုက်ပါတယ်။ အခု တိုက်ခိုက်မှုမှာ Freedom Revolution Force (ရွှေဘိုခရိုင်တပ်ရင်း၂၄) နှင့် အတူ မြို့ ပြစစ်ဆင်ရေး အထူးအဖွဲ့ ကလည်း ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
Freedom Revolution Force နှင့် ပူးပေါင်းအဖွဲ့တွေဟာ ဇူလိုင် ၆ ရက်နေ့က လည်း ဒီပဲယင်းမြို့နယ်ရဲစခန်း ကို အဝေးထိန်းစနစ်အသုံးပြု မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဖက်မှာ ၅ ယောက်ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။