နောင်ခမ်းကူးတို့ဆိပ်မှာ HPDF 124 က တပ်သားနှစ်ဦးပစ်ခတ်ဖမ်းဆီးခံရ၊ တစ်ဦးကျဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြိုနယ်၊ နောင်ခမ်းကူးတို့ဆိပ်မှာ ဇူလိုင် ၈ ရက်၊ နေ့လည်ပိုင်းက HPDF 124 က တပ်သားနှစ်ဦးပစ်ခတ်ဖမ်းဆီးခံရပြီး၊ ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦးကျဆုံးခဲ့တယ်လို့ CSUR-Chindwin,Uru Spring Revolution ရဲ့ သတင်းထုန်ပြန်ချက်အရသိရပါတယ်။
ဇူလိုင် ၈ ရက်က ဟုမ္မလင်းမြိုနယ်၊ နောင်ခမ်းကူးတို့ဆိပ်မှာ HPDF 124 က တပ်သားနှစ်ဦးကို အကြမ်းဖက်စစ်တပ်ရဲ့လက်အောက်ခံ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)နဲ့ရှမ်းနီအမျိုးသားတပ် (SNA) တပ်သားအချို့က ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး လက်နက်အင်အားမမျှတာကြောင့် HPDF 124 က တပ်သားနှစ်ဦးဖြစ်တဲ့ ကိုပါကြီးနဲ့ကိုပီလုံးတို့ နှစ်ဦးတို့ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး တပ်သား ကိုပါကြီးကတော့ ပစ်ခတ်မှုအတွင်း ကျဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပစ်ခတ်ဖမ်းဆီးမှုမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က တပ်သားအချို့ပါဝင်ခဲ့တာကြောင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အနေနဲ့မီဒီယာမှာ စစ်ကောင်စီနဲ့ပူးပေါင်းမှု မရှိဘူးလို့ တရားဝင်ငြင်းဆိုထားတာဟာ အယောင်ပြသာဖြစ်တယ်လို့လည်း CSUR-Chindwin,Uru Spring Revolution က သတင်းထုတ်ပြန်ပါတယ်။