ဘောလခဲ မှုခင်းနှိမ်နှင်းရေး တပ်စုက ရဲတပ်ကြီးနှစ်ဦး BPDF ထံဝင်ရောက်ခိုလှုံ

ကယားပြည်နယ်၊ ဘောလခဲမြို့၊ ဘောလခဲမှုခင်းနှိမ်နှင်းရေးရဲတပ်ဖွဲ့က ရဲတပ်ကြပ်ကြီးနှစ်ဦးဟာ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ထံကို ဇူလိုင် ၃ ရက်က CDM ပြုလုပ်ဝင်ရောက်လာခဲ့တယ်လို့ BPDF က ထုတ်ပြန်ပါတယ်။
ဘောလခဲမြို့၊ ရဲတပ်ဖွဲ့ မှုခင်းနှိမ်နှင်းရေးတပ်စုကတပ်ကြပ်ကြီး ဝင်းထွန်းနဲ့ နယ်ထိန်းတပ်ကြပ်ကြီး မျိုးဆွေးဦးတို့ဟာ ဇူလိုင် ၃ ရက်က ၇.၆၂ ကျည် ၃၂၁ တောင့်၊လက်ပစ်ဗုံး ၆ လုံးနဲ့ ဆက်သွယ်ရေး စကား‌ပြောစက် ၂ လုံး တို့ကိုပါ ယူ​ဆောင်လာခဲ့တယ်လို့ BPDF က ဆိုပါတယ်။
ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ပြည်သူနဲ့အတူပူးပေါင်းပြီး CDM ဝင်ရောက်လိုသူတွေကို လက်ခံပေးနေတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ကလည်း စစ်အုပ်စု တပ်က​နေ CDM ပြုလုပ်လာတဲ့ သူနာပြု ဗိုလ်ကြီးတစ်ဦးကို လက်ခံခဲ့ပြီး လွတ်မြောက် နယ်မြေတစ်ခုကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပိုင်းကာလတွေမှာလည်း အကြမ်းဖက်စစ်အုပ်စုဘက်က​နေ CDM ပြုလုပ်လာမယ့် စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဆက်လက်ကြိုဆိုလက်ခံသွားမယ်လို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) က ထုတ်ပြန်ပါတယ်။