အီတလီနိုင်ငံမှာရှိတဲ့ Alpine တောင်မှာရှိတဲ့ ရေခဲမြစ်ဟာ ဇူလိုင်လ ၃ရက်နေ့က ပြိုကျခဲ့ပြီး တောင်တက်သမားအနည်းဆုံး ၆ ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
သေဆုံးသူတွေရဲ့ နိုင်ငံသားနဲ့ အသက်အရွယ်ကို ချက်ချင်းမသိရနိုင်သေးဘဲ ဆေးရုံတင်ထားရသူတွေထဲက ၂ ဦးကလည်း စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ ရေခဲမြစ် ထပ်ပြီးပြိုကွဲနိုင်တဲ့ အန္တရာယ်ကို အကဲဖြတ်နေတာကြောင့် နောက်ထပ် ပျောက်ဆုံးနေသူတွေအတွက်ရှာဖွေမှုကို ခေတ္တ ရပ်နားထားရပါတယ်။
အဲဒီရေခဲမြစ်ဟာ အီတလီနိုင်ငံ အရှေ့မြောက်ပိုင်းရှိ တောင်တွေထဲမှာ အကြီးဆုံးဖြစ်ပြီး ဆောင်းရာသီမှာ လူတော်တော်များများ နှင်းလျှောစီးရာနေရာတစ်ခု ဖြစ်ပေမယ့် မကြာသေးမီနှစ်တွေအတွင်း ရေခဲမြစ်ဟာ တဖြည်းဖြည်း အရည်ပျော်လာတာ ဖြစ်ပါတယ်။
အီတလီနိုင်ငံပိုင် CNR သုတေသနစင်တာမှာရှိတဲ့ ဝင်ရိုးစွန်းသိပ္ပံဆိုင်ရာပညာရှင်တွေက နောက် နှစ်ပေါင်း ၂၅-၃၀ အတွင်းမှာ ရေခဲမြစ်တွေမရှိနိုင်တော့သလို သူ့ရဲ့ထုထည်အများအပြားဟာလည်း ပျောက်ကွယ်သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။