လောင်းလုံး LL PDF စခန်းတစ်ခု သိမ်းခံရ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်ထဲက လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (လောင်း လုံး-ပကဖ) စခန်းတစ်ခုကို အကြမ်းဖက် စစ်အုပ်စုတွေရဲ့ သိမ်းဆည်းတာခံလိုက်ရတယ်လို့ ဆိုပါတယ်။
ဇွန်လ ၃၀ ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုတွေရဲ့ အလုံးအရင်းနဲ့ ထိုးစစ်ဆင်ဝင်ရောက်လာတာကို လက်နက်အင်အား၊ လူအင်အားမမျှတာကြောင့်အခုလိုစခန်းကိုစွန့်ခွာလိုက်ရတာလို့ဆိုပါတယ်။
သတင်းပေးဒလန်ကြောင့် စခန်းရှိရာကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာဖြစ်ပြီး လောင်းလုံး PDF ရဲဘော်တစ်ဦးလည်း သေနတ်ဒဏ်ရာနဲ့ ဖမ်းဆီးခံခဲ့ရတဲ့အပြင် လက်နက်အများအပြားနဲ့ ရိက္ခာတွေပါ သိမ်းဆည်းခံလိုက်ရတယ်လို့ LLPDF က ထုတ်ပြန်ထားပါတယ်။
“လောင်းလုံးက PDF စခန်းတစ်ခုကို စစ်အုပ်စုတပ်တွေက သိမ်းလိုက်တာပါ။ အဖွဲ့ဝင်တော်တော်များ များကတော့ လွတ်သွားပါတယ်။ တစ်ယောက်ဘဲ ကျည်ထိပြီး ဖမ်းခံရတယ်။ ကျန်တဲ့သူတွေကတော့ လုံခြုံတဲ့နေရာကိုရောက်ပါပြီ” လို့ PDFအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
စခန်းသိမ်းခံရချိန်မှာ လက်လုပ်သေနတ်၊ စိန်ပြောင်း၊ ဒရုန်းတစ်စင်းနဲ့ရိက္ခာတွေကိုပါ သိမ်းဆည်းခံ လိုက်ရတာဖြစ်ပါတယ်။
လောင်းလုံးမြို့နယ်မှာ ဇွန်လအတွင်း စစ်ကောင်စီတပ်သားတွေက အင်အားအများအပြားနဲ့ အကြမ်းဖက်ဖမ်းဆီး ၊ မီးရှို့ ၊သတ်ဖြတ်တာတွေကိုပြုလုပ်ခဲ့ပေမယ့် အင်အားချင်းမမျှလို့ ပြည်သူတွေကိုမ ကာကွယ်ပေးနိုင်ခဲ့တဲ့ အတွက်လည်း LLPDF က တောင်းပန်ထားပါတယ်။
သတင်းပေးတွေကြောင့်အခုလိုဖြစ်ပွားခဲ့တာဖြစ်ပြီး နောက်နောင်မှာ အကြမ်းဖက်စစ်တပ်သား၊ ပျူစောထီးတွေအပါအဝင် စစ်တပ်သတင်းပေးတွေကိုပါ အသေချာစိစစ် ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
အကြမ်းဖက်စစ်တပ်လော်ဘီတွေရဲ့ အကောင့်တွေမှာတော့ လောင်းလုံးမြို့နယ်၊ ကမ်းပနီကျေး ရွာအနီးက PDF တွေကိုဝင်ရောက်စစ်ကြောင်းထိုးခဲ့ပြီး လက်နက်မျိုးစုံ ၃၆ လက်၊ ခဲယမ်း၊ မိုင်း၊ ဖောက်ခွဲရေးပစ္စည်း၊ ရိက္ခာ၊ လူနေတဲ ၂၄ လုံးနဲ့ အသုံးအဆောင်ပစ္စည်းတွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။