မင်းတပ်မြို့၊ ခလရ ၂၇၄ ကို CDF – Mindat က တိုက်ခိုက်

အကြမ်းဖက် စစ်တပ်ဘက်က ချင်းပြည်နယ်အတွင်း၊ လေကြောင်းကနေ တိုက်ခိုက်မှု လုပ်နေတာကို တုန့်ပြန်တဲ့အနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၇၄ ကို ဇူလိုင် ၂ ရက်နေ့ ညနေ ၅ နာရီကျော်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ CDF – Mindat က ထုတ်ပြန်ပါတယ်။
ဇွန်လ ၂ ရက်နေ့က မင်းတပ်မြို့နယ်ထဲက ရွာနှစ်ရွာကို လေကြောင်းကနေ ဗုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ့အိုးအိမ်တွေ၊ ဘုရားကျောင်းနဲ့ စာသင်ကျောင်းပါ ပျက်စီးခဲ့ရပြီး CDF ရဲဘော် ၃ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်က နောက်ထပ်လေကြောင်းတိုက်ခိုက်မူတွေ လုပ်လာနိုင်တဲ့အတွက် မင်းတပ်မြို့နယ်ထဲက ကျေးရွာတွေကို ဗုံးခိုကျင်းတွေ တူးထားကြဖို့လည်း CDF – Mindat ( သတင်းနှင့်ပြန်ကြားရေး) က နှိုးဆော်ထားပါတယ်။