ထားဝယ် – ထီးခီးလမ်းတလျှောက်နေရာအနှံ့ တိုက်ပွဲဖြစ်ပွားနေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်-ထီးခီးလမ်းတလျှောက်နေရာအနှံ့မှာ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ကြား ဒီကနေ ဇူလိုင် ၃ရက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေး အဖွဲ့တွေဆီက သိရပါတယ်။
​အခုလို လမ်းပိုင်းတလျှောက် တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ၊ ခရီးသွားပြည်သူတွေအနေနဲ့ အဲ့ဒီလမ်းပိုင်းကိုအသုံးမပြုဖို့နဲ့ နောက်ထပ်ထုတ်ပြန်ချက်တစ်စုံတရာထုတ်ပြန်မှုမရှိမခြင်း လိုက်နာကြဖို့ကိုလည်း People’s Defence Force -T1 က ထုတ်ပြန်ထားပါတယ်။
“ထားဝယ် – ထီးခီးလမ်းတ​လျှောက်ရဲ့ တစ်ချို့​​သော​နေရာ​တွေမှာ စကစတပ်သား​တွေနဲ့ ရင်ဆိုင်ထိ​တွေ့​ နေရတာ​တွေ ရှိပါတယ်။ကျွန်​တော်တို့အ​နေနဲ့က ခရီးသွားမိဘပြည်သူ​တွေရဲ့ လုံခြုံ​ရေးကို အဓိကထားပြီး သတင်းထုတ်ပြန်တဲ့သ​ဘောပါ။”လို့ People’s Defence Force-T1 အဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက DNAကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၉ရက်နေ့ကတည်းက မြန်မာ-ထိုင်းနယ်စပ် ထားဝယ်-ထီးခီး လမ်းပိုင်းမှာ KNDO၊ PDF ပူပေါင်းတပ်ဖွဲ့နဲ့အကြမ်းဖက်စစ်တပ်တို့အကြား စစ်ရေးတင်းမာနေတာပါ။
အကြမ်းဖက်စစ်တပ်ဘက်က အင်အားအများအပြားနဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် စစ်ရေးတင်းမာနေတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။