မုံရွာအကျဉ်းထောင်မှာ ထောင်ဝန်ထမ်းတစ်ဦးက အကျဉ်းကျနေတဲ့ LGBT တစ်ဦးကို အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တယ်လို့ LGBT Alliance Myanmar က ဇူလိုင်လ ၃ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
 
ဇွန်လ ၃၀ ရက်နေ့မှာ မုံရွာအကျဉ်းထောင်ဝန်ထမ်း တစ်ပွင့်ဗိုလ်ဇော်ဇော်အောင် (ခ) ပလိုင်းဆိုသူက အရက်မူးလာပြီး အကျဉ်းကျနေတဲ့ LGBT တစ်ဦးကို စအိုကနေ အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
 
အဲဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ဖမ်းဆီးခံ LGBT တွေရဲ့လုံခြုံရေးကို စိုးရိမ်ပြီး အလားတူဖြစ်စဉ်တွေ ထပ်ဖြစ်လာမှာကိုလည်း ပူပန်တယ်လို့ ထည့်သွင်း ဖော်ပြထားပါတယ်။
 
မုံရွာအကျဉ်းထောင်အတွင်း အခုလို လူမဆန်နဲ့ လုပ်ရပ်နဲ့ ပတ်သတ်ပြီး အပြင်းအထန်ရှုတ်ချကန့်ကွက်ကြောင်း ဆိုထားပါတယ်။