မန္တလေးမီးသတ်ကို စစ်တပ်နဲ့မပူးပေါင်းဖို့ AFM သတိပေး

အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းလုပ်ဆောင်တာတွေ မလုပ်ဖို့ မန္တလေးမြို့ပေါ်က မီးသတ်အဖွဲ့တွေကို Anonymous Force Mandalay အဖွဲ့က သတိပေးလိုက်ပြီလို့ AFM အဖွဲ့ရဲ့ တိုက်ခံရေးတာဝန်ခံ ဗိုလ်အဓိပတိက DNA ကိုပြောပါတယ်။
“မီးသတ်ဌာနအနေနဲ့ ပြည်သူတွေရဲ့ မီးဘေးအန္တရာယ်ကိုကာကွယ်ပေးရမယ့် အစား အာဏာသိမ်းစစ်တပ်နဲ့‌ပေါင်းပြီး ပြည်သူတွေကိုပိတ်ဆို့ စစ်ဆေးတာတွေ ၊ ပြည်သူတွေဆီက ငွေတောင်းခံတာမျိုးတွေရှိနေလို့ ခုလို သတိပေးလိုက်တာပါ” လို့ ပြောပါတယ်။
အခုလို သတိပေးပြီးတဲ့အချိန်ကစပြီး မီးသတ်တပ်ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်တပ်နဲ့ ဆက်ပြီး ပူးပေါင်းလုပ်ဆောင်တာတွေ လုပ်နေမယ်ဆိုရင် မီးသတ်ဌာနတွေကို အချိန်မရွေးတိုက်ခိုက်သွားမယ်လို့လည်း သတိပေးစာမှာ ထည့်သွင်းရေးသားထားပါတယ်။