တပ်မဟာ(၅)နယ်​မြေအတွင်း နယ်ကျွံဝင်လာတဲ့ စစ်အုပ်စုယာဉ်ကို တိုက်ခိုက်ခဲ့ကြောင်း BPLA ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၅) နယ်မြေအတွင်းကို နယ်ကျွံဝင်လာတဲ့ စစ်အုပ်စု ယာဥ်တစ်စီးကို တိုက်ခိုက်ရာ အဆိုပါယာဥ်ပေါ်ပါလာသူ ငါးဦးစလုံးသေဆုံးပြီး လက်နက်၊ ကျည်နှင့် ရိက္ခာအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က ထုတ်ပြန်ပါတယ်။
မနေ့ ဇူလိုင် ၁ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့်ဗမာပြည်သူ့လွ တ်မြောက်ရေးတပ်တော်(BPLA) မှ တပ်ဖွဲ့ဝင်တွေ KNU/KNLA တပ်မဟာ (၅)၊ ဖာပွန်မြို့အနီး ရှေ့တန်းတစ်နေရာမှာ မိုင်းထောင်၊ကင်းပတ် နေချိန်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ မောင်းနှင်လာတဲ့ ကားတစ်စီး နယ်ကျွံဝင်လာတဲ့အတွက် မိနစ် ၂၀ခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
အဆိုပါယာဥ် ပျက်စီးသွားပြီး ယာဥ်ပေါ်ပါစစ်အုပ်စုတပ်ဖွဲ့ဝင် ငါးဦးစလုံး သေဆုံးကာ (၄၀) မမ – ၁ လက်၊ AK – ၂ လက်၊ M4 carbine – ၁ လက်၊ G3 – ၁ လက်၊ လက်ပစ်ဗုံး – ၃ လုံး၊ ကျည်နှင့် ရိက္ခာအနည်းငယ်တို့ သိမ်းဆည်းရရှိထား တယ်လို့ထုတ်ပြန်ထားပါတယ်။အင်တာနက်အခက်အခဲကြောင့် ဓာတ်ပုံတွေမရရှိနိုင်သေး သဖြင့် ဓာတ်ပုံတွေရရှိရင် ထပ်မံဖော်ပြပေးသွားမည်လို့ BPLA က ထုတ်ပြန်ထားပါတယ်။
Photo BPLA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)