အကြမ်းဖက်ဒဏ်ခံနေရတဲ့ မြန်မာကလေးငယ်တွေကို ကယ်တင်ဖို့ အချိန်နည်းနေပြီလို့ ကုလသတိပေး

မြန်မာစစ်အုပ်စုရဲ့ အကြမ်းဖက်မှုဒဏ်ခံနေရတဲ့ ကလေးငယ်တွေကို ကယ်တင်ဖို့ အချိန်နည်းနေပြီလို့ ကုလသမဂ္ဂ၊ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီက ဇွန် ၂၉ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကလေးငယ်တွေ ဆက်လက် ကုန်းရုန်းခံကြရမယ့်အရေးကနေ ရှောင်လွှဲနိုင်အောင် ကြိုးပမ်းကြဖို့ နိုင်ငံတကာ အသိုင်းအဝန်းကိုလည်း တိုက်တွန်းလိုက်ပါတယ်။
စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး၊ ကလေးသူငယ် အနည်းဆုံး ၃၈၂ ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ဒါ့အပြင် ကလေး ၁၄ဝဝ ကျော် ထင်သလို ဖမ်းဆီးခံခဲ့ကြရပါတယ်။
၂၀၂၂ခုနှစ် မေလ ၂၇ ရက်အထိ စစ်တပ်က ဖမ်းဆီးထားတဲ့ ကလေးနိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၂၇၄ ဦး ရှိကြောင်း သိရပါတယ်။
ကလေးသူငယ် နှစ်သိန်းခွဲကျော်ဟာပြည်တွင်းမှာနေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး ကလေးငယ် ၈ သန်းနီးပါး ကျောင်းမတက်နိုင်ကြဘူးလို့သိရပါတယ်။
လက်ရှိမှာ ကလေးငယ် အနည်းဆုံး ၆၁ ဦးကို ဓားစာခံအဖြစ် စစ်တပ်က ဖမ်းဆီးထားကြောင်းကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီက ဖော်ပြပါတယ်။