ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

ဒီနေ့ဇွန်လ ၃၀ရက်နေ့ ရန်ကုန်မြို့တစ်နေရာမှာ “ကျောင်းသားသည် ထောင်နှင့်မဆိုင်၊ ငါတို့ကျောင်းသား ငါတို့ပြန်ပေး” စာသားကိုင်ဆောင်ပြီး ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများက ဦးဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ ဆန္ဒပြမှုကို ဗကသ မင်္ဂလာဒုံမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဒေါပုံမြို့နယ် ကျောင်းသားများသမဂ္ဂ ( ဗကသများအဖွဲ့ချုပ်)၊သာကေတမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ တာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ ( ဗကသများအဖွဲ့ချုပ်)၊ တောင်ဒဂုံမြို့နယ် ကျောင်းသားများသမဂ္ဂ ( ဗကသများအဖွဲ့ချုပ်) တို့ ဦးဆောင်ပြီး ညီနောင် ကျောင်းသားသမဂ္ဂများ( ဗကသများအဖွဲ့ချုပ် )နှင့် မဟာမိတ်အဖွဲ့အစည်းတွေ ပူးပေါင်းဆန္ဒပြခဲ့ကြတာပါ။
Photo-လူငယ့်ခေတ်