ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရတဲ့ အာဆီယံအထူးသံရဲ့ မြန်မာခရီးစဉ်စတင်

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရမှာမဟုတ်တဲ့ အာဆီယံအထူး သံတမန်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ဒီနေ့ (ဇွန် ၂၉ ရက်) မှာ စတင်ပြီ ဖြစ်ပါတယ်။
ပရက်ဆော့ခွန်းရဲ့ အခုမြန်မာခရီးစဉ်ဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ၅ ရက်တာ ကြာမှာဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်က တရားစွဲခံထားရသူတွေ၊ တရားရင်ဆိုင်နေသူတွေ၊ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံခွင့်ပြုဖို့ ကန့်သတ်ချက်တွေရှိနေမယ်လို့ ဆိုတာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမှာမဟုတ်ပါဘူး။
ပရက်ဆော့ခွန်းရဲ့ အခုခရီးစဉ်အတွင်း အာဆီယံမူ ၅ ရပ်ဖော်ဆောင်မှု အခြေအနေနဲ့ လူသားချင်းစာနာမှုအကူ အညီပေးရေးအစည်းအဝေးရဲ့ နောက်ဆက်တွဲကိစ္စတွေကို အဓိကထားဆွေးနွေးမယ်လို့ ဆိုပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်ထဲမှာ မထားဘဲ အရင်ထိန်းသိမ်းထားတဲ့ နေအိမ်မှာ ပြန်ထားဖို့ ပရက်ဆော့ခွန်းက ဇွန် ၂၇ ရက်နေ့မှာ တောင်းဆိုခဲ့ပါတယ်။