ဇွန်လ ၂၉ ရက်၊ နံနက် ၄ နာရီဝန်းကျင်မှာ PDF တွေက တောင်ခင်ရန်းရွာ ရဲစခန်းကို လက်နက်ကြီးတွေနဲ့ အချက်ပေါင်းများစွာပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
” ဆက်တိုက်ထုကြတာပဲ။ တစ်နာရီနီးပါးလောက်တော့ကြာမယ်ထင်တယ်။ လက်နက်ကြီးတွေနဲ့စခန်းထဲကိုထုပြီး အနီးကပ်ဝင်ပစ်ဖို့လုပ်ကြသေးတယ်လို့ပြောတယ်။ ဒါပေမယ့် သူတို့ဘက်က ဘန်အကာအကွယ်တွေကောင်းလွန်းလို့ ပြန်ဆုတ်လာကြတာပြောတယ်။ PDF ဘက်ကရဲဘော်တစ်ယောက် ပေါင်ကိုကျည်ဆံမှန်တယ်။ ရဲစခန်းထဲကို PDF ကထုတဲ့ လက်နက်ကြီးတော်တော်ကျတဲ့အတွက် သူတို့လည်း ထိခိုက်မူတော့သေချာပေါက်ရှိမှာပဲ။ အတိအကျတော့မသိရသေးဘူး” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။
PDF တွေက လက်နက်ကြီးနဲ့ထုရာမှာ ရဲစခန်းတွင်းမှ ရမ်းသန်းပစ်ခတ်မူကြောင့် စခန်းအရှေ့ဘက် ရပ်ကွက်ထဲက နွားတစ်ကောင်သေဆုံးခဲ့ကြောင်းလည်း ဒေသခံတွေဆီကသိရပါတယ်။