စစ်တပ်ကာလရှည်တပ်စွဲထားတဲ့ မိုးဗြဲ၊ ဝါရီဆူးပလိုင်ရွာကို ပြည်သူတွေလုံးဝမသွားကြဖို့ အထူးသတိပေး

အကြမ်းဖက်စစ်တပ် ကာလရှည်ကြာ တပ်စွဲထားတဲ့ ရှမ်းပြည်နယ်၊မိုးဗြဲမြို့နယ်၊ဝါရီဆူးပလိုင်ကျေးရွာကို ပြည်သူတွေလုံးဝသွားလာခြင်းမပြုကြဖို့ မိုးဗြဲPDF ကအထူးသတိပေး လိုက်ပါတယ်။
ဝါရီဆူးပလိုင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို နည်းလမ်းပေါင်းစုံနဲ့ ရိက္ခာဖြတ်တောက်နိုင်ရေးကို ဒေသ တွင်းတော်လှန်ရေးအင်အားစုတွေ သဘောတူထားပြီးဖြစ်ရာ ပြည်သူတွေအနေနဲ့ ဇွန်လ၂၈ရက်နေ့စပြီး လုံးဝ သွားလာခြင်းမပြုကြဖို့နဲ့ အတန်တန်သတိပေးတဲ့ကြားက လိုက်နာခြင်းမရှိဘဲ ဆက်လက်သွားလာနေပါက မိုးဗြဲPDF အနေနဲ့ လုံးဝတာဝန်ယူမှာမဟုတ် ကြောင်း ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဝါရီဆူးပလိုင်ကျေးရွာ ဝန်းကျင်ရှိ အများပြည်သူပိုင် လယ်ဧက ၁၀၀၀ ကျော်မှာ စိုက်ပျိုးခြင်းမပြုနိုင်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိတပ်စွဲထားတာလို့လည်း ဆိုပါတယ်။
ဒါ့ကြောင့် စစ်တပ်က ကာလရှည်တပ်စွဲထားတဲ့ ဝါရီဆူးပလိုင်ကျေးရွာကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF) ၊ KNDF BO3 နဲ့ အခြားမဟာမိတ်တပ်ဖွဲ့တွေက အစဉ်တစေ့စောင့်ကြည့်နေတဲ့ ကျေးရွာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဝါရီဆူးပလိုင်ကျေးရွာကို စစ်ဇုန်အဖြစ်သတ်မှတ်လိုက်ကြောင်းလည်း မိုးဗြဲPDF က ထုတ်ပြန်ထားပါ တယ်။
ပုံစာ-တိုက်ပွဲဝင်မိုးဗြဲPDFရဲဘော်တစ်ဦး