မင်းစောရွာကို မီးရှို့မယ်လို့ ခြိမ်းခြောက်စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားနေ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မင်းစောရွာကို မီးရှို့ဖျက်ဆီးမယ်လို့ ကြိုတင်ခြိမ်းခြောက်ကာစစ်ကြောင်း ထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားနေကြောင်း ကေအဲန်ယူသထုံခရိုင်၊ တပ်မဟာ ၁ က ထုတ်ပြန်ပါတယ်။
မင်းစောရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ BGF တပ် နဲ့ KNLA, KNDO ဦးဆောင်တဲ့ မိတ်ဖက်တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွါးနေပြီး စစ်တပ်ဘက်က ရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်နေကြောင်း ဒီနေ့မွန်းလွဲ ၂ နာရီ လောက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့လည်း ကေအဲန်ယူသထုံခရိုင်၊ တပ်မဟာ ၁ က ထုတ်ပြန်ပါတယ်။
ဇွန်လ (၂၂) ရက်နေ့ မနက် (၁၁) နာရီလောက်ကလည်း အကြမ်းဖက်စစ်တပ် (လေးကေ) စခန်းကနေ မင်းစောကျေးရွာထဲ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီး (၁) ဦး ဒဏ်ရာရကာ အိမ် (၂) လုံး ထိမှန်ပျက်စီးခဲ့သည်။
ပုံစာ-ဇွန်၂၂ရက်နေ့က မင်းစောရွာထဲ လက်နက်ကြီးကျည်ကျရောက်လို့ ထိခိုက်ပျက်စီးခဲ့ပုံ