စစ်သတင်းပေးလို့ အများကသတ်မှတ်ထားသူ၄ဦးကို ကြို့ပင်ကောက်မှာ ရှင်း

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ စစ်သတင်းပေးလို့အများက သတ်မှတ်ထားသူ၄ဦးကို ရှင်းလင်းခဲ့ ကြောင်း ကြို့ပင်ကောက်PDF ကသတင်းထုတ်ပြန်ပါတယ်။

ဇွန်လ၂၇ရက်နေ့ည ၈နာရီလောက်မှာ ကြို့ပင်ကောက်မြို့နယ်၊ကျောက်စရစ်ကုန်းရွာနေ ရာအိမ်မှူးဦးလှကြည်နဲ့ဇနီးအပါအဝင် သူတို့ရဲ့အပေါင်းအပါတွေဖြစ်တဲ့ ဝင်းမြင့်နဲ့ ခင်ဇော်တို့ကို သာယာဝတီခရိုင်PDFတပ်ရင်း၃၈၀၁၊တပ်ခွဲ၁ က စစ်ရေးပစ်မှတ်အဖြစ် သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရပါတယ်။

သူတို့၄ဦးဟာ ကျေးရွာနေပြည်သူတွေကို မောက်မာရိုင်းစိုင်းစွာ ဖိနှိပ်အုပ်ချုပ်ခြင်း၊PDFနဲ့ ဆက်သွယ်သူတွေကို ဒုက္ခပေးခြင်းနဲ့ PDF သတင်းတွေကို ထောက်လှမ်းပြီး စစ်တပ်ထံသတင်းပို့ခြင်းတို့လုပ်ဆောင်နေကြောင်း ဒေသခံတွေက အကြိမ်ကြိမ်တိုင်ကြားလာတဲ့အတွက် အသေးစိတ်အခြေအနေကို စုံစမ်းပြီး ရှင်းလင်းလိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။