စစ်တပ်နဲ့ပျူစောထီး တမူးမြို့ပေါ် လုယက်ဓားပြတိုက်မှု ကျူးလွန်နေ

အကြမ်းဖက်စစ်တပ်နဲ့ပျူစောထီးတို့ဟာ စစ်ကိုင်းတိုင်း၊တမူးမြို့ပေါ်မှာ လုယက်ဓားပြတိုက်မှုတွေ အတိအလင်း ကျူးလွန်နေကြောင်း Local Defense Force Tamu ရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။
ဇွန်၂၆ရက်၊ည၉နာရီကျော်မှာ ပျူစောထီးတွေဟာ တမူးမြို့၊နန်ဖာလုံက ပြည်သူပိုင် Scopy smart keyဆိုင်ကယ်တစ်စီးနဲ့ တခြားဆိုင်ကယ်တစ်စီးတို့ကို လုယက်သွားခဲ့ကြောင်း Local Defense Force Tamu ကထုတ်ပြန်ပါတယ်။
ဇွန်၂၅ရက်နေ့ည၇နာရီလောက်ကလည်း စစ်တပ်နဲ့ပျူစောထီးတွေကင်းလှည့်နေတဲ့ ရပ်ကွက်အတွင်းရှိ ဂဏပါမောက်ခဘုန်းကြီးကျောင်းအနီး စန္ဒကူးရာအိမ်မှူးဟောင်းအိမ်ကို သေနတ်အရှည်နဲ့ဓားအရှည်ကိုင်ထား သူ၇ဦး ဝင်ရောက်စီးနင်းကာ ရွှေနဲ့ငွေတော်တော်များများကို ဓားပြတိုက်သွားကြောင်းသိရပါတယ်။
‘အဲဒီအချိန် သေနပ်အရှည်၊ဓားအရှည်ပေါ်တင်ကိုင်သွားလာနိုင်တာ ဘယ်သူတွေလဲ ၊ရပ်ကွက်နေ ပြည်သူတွေအသိဆုံး’လို့မျက်မြင်တစ်ဦးကဆိုကြောင်း Local Defense Force Tamu ကဖော်ပြပါတယ်။