မြောင်ပညာရေးကွန်ရက်မှ ဖွင့်လှစ်ထားသော MEDUS – 07 ကျောင်းကို မနေ့ကဇွန်လ ၂၄ ရက်နေ့မှာ Myaung Medical Team နွေဦးရောင်နီဆေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူတွေရဲ့ ကျန်းမာရေးအ ခြေအနေတွေကို လာရောက်စစ်ဆေးပေးခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။
ကျောင်းကျန်းမာရေးနဲ့ ကလေး လူငယ်တွေ ကျန်းကျန်းမာမာ ကျန်းမာစွာ ပညာသင်ကြားနိုင်ဖို့အပြင် သွားလာရေးအခက်အခဲတွေကြားကနေ ကလေး၊ လူငယ်တွေရဲ့ကျန်းမာပျော်ရွှင်စေဖို့နဲ့ သန့်ရှင်းစင်ကြယ်တဲ့ ပတ်ဝန်းကျင်ဖြစ်ရေးအတွက် အခုလို လာရောက်စစ်ဆေးပေးတာလို့ ဆိုပါတယ်။
ကျောင်းကျန်းမာရေးအတွက် လာရောက်ခဲ့တဲ့ Myaung Medical Team နွေဦးရောင်နီဆေးအဖွဲ့ ကိုMEDUS -07 မှ ကျေးဇူးအထူးတင်ရှိကြောင်း မြောင်ပညာရေးကွန်ရက်ကထုတ်ပြန်ထားတာပါ။
photo-Myaung Education Network