စစ်ကိုင်း-မြင်းမူ-မုံရွာလမ်းပိုင်းကို ပြည်သူတွေလုံးဝမသုံးကြဖို့ သတိပေ

ဒီနေ့မနက်ကစပြီး နောက်ထပ်သတိပေးချက်မထုတ်မချင်း စစ်ကိုင်း-မြင်းမူ-မုံရွာလမ်းပိုင်းကို ပြည်သူတွေလုံးဝအသုံးမပြုကြဖို့ ဒေသတွင်းပြောက်ကျား တပ်ဖွဲ့ Moe Nyo Revolution Force က ထုတ်ပြန်လိုက်ပါတယ်။
အဲဒီသတိပေးချက်ကိုမလိုက်နာဘဲ သွားလာခြင်းကြောင့် တစ်စုံတစ်ရာ ထိခိုက်မှုရှိပါက တာဝန်ယူနိုင် မှာမဟုတ်ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
‘ဒီနေ့မနက်ကတည်းက မြင်းမူဘက်မှာ စစ်သားတွေကင်းပုန်းဝပ်နေတယ်လို့ကြားနေတော့ ဒီနေ့ ဒီလမ်း မကြီးပေါ် စစ်ကားတွေဖြတ်မယ်ထင်တယ်။အခုလမ်းမသုံးဖို့ သတိပေးချက်ဟာ အဲဒါနဲ့ဆက်စပ်မယ်လို့ ထင်တယ်။
သတိပေးချက်အတိုင်း မသွားလာကြဖို့ လိုတယ်’လို့ စစ်ကိုင်းမြို့၊နီလာရပ်ကွက်နေ လူငယ်တစ်ဦး ကပြောပါတယ်။
ဒီနေ့မနက် ၆နာရီလောက်ကစပြီး ချောင်းဦးမြို့ဘက်ကနေ စစ်သားတွေတင်လာတဲ့ကား၄စီးဟာ
မြင်းမူမြို့နယ် ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးကင်းရွာ ကားလမ်းဘေးတွေမှာ ကင်းပုန်းချနေတယ်လို့သတင်းရကြောင်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာနဲ့ ငါးယှန်ကျေးရွာ ကားလမ်းဘေးတွေမှာလည်း စစ်သားတွေ ကင်းပုန်းဝပ်နေတယ်လို့လည်း ဆိုပါတယ်။
မြင်းမူမြို့နယ် ၊အလ္လကပ္ပကျေးရွာ ရွှေဂူဘုန်းကြီးကျောင်းထဲမှာ ရှိတဲ့ စစ်သားတွေလည်း အလ္လကပ္ပနဲ့ ဝမ်းပြည့်ရွာအကြား ကင်းပုန်းဝပ်ထွက်သွားတယ်လို့ မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။

Delta News

Read Previous

နွေဦး​ရောင်နီ​ဆေးအဖွဲ့ ​မြောင်ပညာ​ရေးကွန်ရက်ဖွင့်ထား​တဲ့ကျောင်းကို ကျန်းမာ​ရေးလာ​ရောက်စစ်​ဆေး​

Read Next

အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့တဲ့ ဖောင်းကတာကျေးရွာအုပ်စု ဒေသခံ ၁၅ ဦးအနက် ၂ ဦးအသတ်ခံရ