မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊အောင်သပြေရွာနဲ့ တောင်ဦးရွာကြားမှာ အကြမ်းဖက်စစ်တပ်နဲ့ အနီးကပ်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်သား၄ဦးသေဆုံးခဲ့ကြောင်း ရေစကြိုPDF ကထုတ်ပြန်ပါတယ်။
ဇွန်၂၄ရက်နေ့ ညနေ၄နာရီလောက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားအများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်းထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲမှာ ရေစကြိုPDF ထောက်ပို့ရဲဘော်တစ်ဦးလည်း ကျည်သင့်ကျဆုံးခဲ့ရပါတယ်။
ဇွန်လ၂၂ရက်နေ့ကလည်း ရေစကြိုPDFအပါအဝင်ဒေသတွင်းမဟာမိတ်၇ဖွဲ့ပူးပေါင်းပြီး ဧရာဝတီမြစ်ကြောင်း အတိုင်းစုန်ဆင်းလာပြီး စစ်သားနဲ့ရဲတို့လိုက်ပါလာတဲ့ ဇက်သင်္ဘောကို ခြုံခိုတိုက်ခိုက်ခဲ့ပါသေးတယ်။
ပုံစာ-စစ်ရေးလေ့ကျင့်နေတဲ့ရေစကြိုPDFရဲဘော်တွေ