လောင်းလုံမှာ”မင်းတို့စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး”စာသားကိုင်ဆောင်ဆန္ဒပြ

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ဒီနေ့ ဇွန်လ ၂၅ ရက်နေ့မှာ ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်ပြည့် အကြိုအထိမ်းအမှတ်အနေနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြတာပါ။
ချင်းတိုင်းရင်းသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးဟာ ၁၉၆၉ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အထိ မဆလ တစ်ပါတီအာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ အတွက် ဖမ်းဆီးခံခဲ့ရပြီး ၁၉၇၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှာ မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီ အစိုးရမှ အင်းစိန်ထောင်အတွင်း ကြိုးပေးသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။
ကြိုးပေးသတ်ဖြတ်ခြင်းမပြုမီ အာဏာရှင်တွေမှ စစ်ခုံရုံးအတွင်းလျှောက်လွှဲချက်တင်လျှင် ပြစ်ဒဏ်လျှော့ ပေးမည်ဟု ပြောခဲ့သော်လည်း ဆလိုင်းတင်မောင်ဦးကတော့ “မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး” ဟု ရဲဝံ့စွာတုံ့ပြန်ပြီး အသက် အသေခံခဲ့တာပါ။
ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်ပြည့် အကြိုအထိမ်းအမှတ် ကြွေးကြော်ဆန္ဒပြခဲ့ကြတာပါ။
Photo-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – လောင်းလုံးမြို့နယ်