တမူးမြို့နယ်၊ ကလေး – တမူး အာရှလမ်းမမှာ ကုန်တင်ကားနဲ့သယ်လာတဲ့ စစ်အုပ်စုတပ်ထုတ် မြန်မာဘီယာဖာ ၁၀၀လောက်ကို တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း (၃) က မနေ့က ဇွန်လ ၂၀ ရက်နေ့ ညနေမှာဖမ်းဆီး ဖျက်ဆီးခဲ့တယ်လို့ Just you Tamu ဖေစ်ဘွခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ညနေ ၆နာရီဝန်းကျင်မှာအာရှလမ်းမကြီးပေါ်ရှိ နန်မွန်းထားရွာရှေ့မှာ ကုန်တင်ကားဖြင့် သယ်ဆောင်လာတဲ့ အကြမ်းဖက်စစ်တပ်ထုတ်ကုန် ဘီယာ(၉၈)ဖာ ကို တမူး PDF တပ်ရင်း ၃ က ဖမ်းဆီးဖျက်ဆီးခဲ့တာပါ။
တမူးPDF ဟာ အဲဒီလမ်းပိုင်းမှာ အရင်ကလည်း ကားတွေကို မကြာခဏစစ်ဆေးပြီး စစ်တပ်ထုတ်ကုန်တွေ တွေ့ရင် ဖမ်းဆီးဖျက်ဆီးမှုတွေလုပ်ဆောင်နေတာ ဖြစ်ပါတယ်။