ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်နဲ့ ကျောက်တန်းမြို့နယ်ရှိ စစ်အုပ်စုပစ်မှတ် ၃ နေရာကို တိုက်ခိုက်ခဲ့ကြောင်း သန်လျင်မြေအောက်ပြောက်ကျားတပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဇွန် ၁၉ ရက်နေ့ည ၉ နာရီကျော်မှာ သန်လျင်မြို့နယ် TTU ဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်ကင်းစခန်းကို သန်လျင်မြေအောက်ပြောက်ကျားတပ်ဖွဲ့က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကနဦးသတင်းအရ စစ်သားတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
တစ်ဆက်တည်းမှာပဲ ည ၉ နာရီ ၁၃ မိနစ်မှာ ကျောက်တန်းမြို့နယ် သီလဝါ နယ်မြေရဲစခန်းအတွင်း အဝေးထိန်းမိုင်းနဲ့ ထပ်မံဖောက်ခွဲခဲ့ကြောင်း သိရပါတယ်။
ဇွန်၁၉ရက်နေ့ည၈နာရီ၄၆မိနစ်မှာပဲ ကျောက်တန်းမြို့နယ်ပျူစောထီးခေါင်းဆောင် ကြည်ဝင်းနဲ့ဇော်ဝင်း ပိုင်ဆိုင်တဲ့ ဘီယာမလေး KTV ကို ဗုံးဖောက်ခွဲသတိပေးခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။
ကျောက်တန်းမြို့နယ်အတွင်း တိုက်ခိုက်မှုမှာ စစ်သား၃ဦးဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ အရေးပေါ်အခြေအနေဖြစ် ကာ အဲဒီတိုက်ခိုက်မှုကို သန်လျင်မြေအောက်ပြောက်ကျားတပ်ဖွဲ့ နဲ့အတူ YPDF က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ပါတယ်။