ဂန့်ဂေါမှာ စစ်တပ်က ပြည်သူ၆ဦးကို သတ်ဖြတ်၊၅ဦးကို လက်ပြန်ကြိုးတုပ် မီးရှို့သတ်ဖြတ်ခဲ့ခြင်းလို့ ထုတ်ပြန်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ညောင်လယ်ရွာမှာ အကြမ်းဖက်စစ်တပ်က ပြည်သူ ၆ဦးကို သတ်ဖြတ်ခဲ့ပြီး ၅ဦးကို လက်ပြန်ကြိုးတုပ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဂန့်ဂေါ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က မနေ့ ညပိုင်းက ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဇွန်လ ၃ရက်က ညောင်လယ်ရွာကို ဝင်ရော က်သ တ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ ၆ဦးအနက် ၂ ဦးဟာ ညောင်လယ်ရွာသားတွေ ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ပေမယ့် ကျန် ၄ဦးကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
အဲဒီ အတည်မပြုနိုင်သေးတဲ့ ၄ဦးကို စစ်တပ်က အခြားဒေသတွေကနေ ဖမ်းဆီး ခေါ်ဆောင် လာသူ တွေဖြစ်နိုင်တယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်တပ်ဟာ ဂန့်ဂေါမြို့နယ်အတွင်း လူ‌နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အပြစ်မဲ့ပြည် သူတွေကို ဖမ်းဆီးခြင်းစတဲ့ အကြမ်းဖက်မှုတွေကို ကျူးလွန်နေတာမို့ ပြည်သူတွအနေနဲ့ စစ်ကြောင်းတွေ ဝင်လာရင် ထိပ်တိုက်မတွေ့မိဘဲ လုံခြုံရာအရပ်ဒေသတွေမှာသာ နေထိုင်ကြဖို့ ထုတ်ပြန်ထားပါတယ်။