ဂန့်ဂေါ မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးလို့ ပြေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာအတွင်း ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦးသေ၊ ၂ ဦးပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ (၁၈) ရက်နေ့မှာ ရှေ့ထွက်ပြောင်း၊ ပဒေသာမိုင်းတို့နဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဂန့်ဂေါ PDF က ထုတ်ပြန်ပါတယ်။
ဇွန်လ ၁၇ ရက်နေ့ကလည်း ဂန့်ဂေါခရိုင်တပ်ရင်း (၁) မှတပ်စိတ် (၃) စိတ်က လက်နက်ကြီးနဲ့ ၂ ကြိမ်ပစ်ခတ်ခဲ့ရာ စစ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ဇွန်လ (၁၄) ရက်က ကန်ရွာအတွင်းရှိ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးခြင်း၊ နေအိမ်တွေကို မီးရှို့ခြင်းနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်ခြင်းစတဲ့ ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ တယ်လို့ ဂန့်ဂေါ PDF က ထုတ်ပြန်ပါတယ်။