ငရုတ်ကောင်းမြို့အနီးရွာတွေမှာ အကြမ်းဖက်စစ်တပ် စခန်းချနေ

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်က ငရုတ်ကောင်းမြို့မှာ ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်းက စပြီး အကြမ်းဖက်စစ်တပ်က အင်အားအများအပြားပါတဲ့ စစ်ကြောင်းနဲ့ ရောက်လာကာ တောင်ခြေရွာတွေမှာ စခန်းချတာ ၊ အိမ်တွေထဲ ဝင်စစ်တာတွေ လုပ်နေတယ်လို့ ဒေသခံရွာသားတဦးက DNA ကို ပြောပါတယ်။
“ငရုတ်ကောင်းမြို့ပေါ်က ဘုန်းကြီးကျောင်းမှာ စခန်းချပြီး တောင်ခြေရွာတွေနား ကင်းပုန်းဝပ်တယ် ၊ အခြေအနေစောင့်ကြည့်တာမျိုးတွေလုပ်တယ် ၊ ဆင်ငံရွာက ၂ယောက်ကို PDF တွေအတွက် ထောက်ပို့လုပ်တယ်ဆိုပြီး ဖမ်းသွားတယ်ကြားတယ်လို့ “ဆိုပါတယ်။
ဇွန်လ ၁၃ ရက်နေ့က ငရုတ်ကောင်းမြို့အနီး စမ်းချောင်းအဖျားပိုင်းနဲ့ ဆင်ငံရွာအကြားက ကညင်တောင်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ဒေသခံတော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇွန်လ ၁၆ နေ့မှာ အကြမ်းဖက်စစ်အုပ်စုဟာ အင်အားဖြည့်ပြီး နောက်တခေါက်ပြန်ရောက်လာတာ ဖြစ်ပါတယ်။