PDFစနိုက်ပါလက်ချက်နဲ့ အကြမ်းဖက်စစ်သား၂ဦးသေ

မကွေးတိုင်းအတွင်းရှိ ဆော-ကျောက်ထုလမ်းပိုင်း၊ပိန်းချောင်းတံတားအနီးမှာ အကြမ်းဖက်စစ်တပ်ကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ PDFစနိုက်ပါလက်ချက်နဲ့ ၂ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အတွင်း အထိနာခဲ့တဲ့စစ်သား အင်အား ၁၅၀ လောက်ကို PDF-SAW တပ်ရင်း၂ (YRPA) နဲ့ The Youth Force (Saw&Kyaukhtu) တို့ကဇွန် ၁၄ရက်နေ့၊ ညနေ ၃နာရီ ၄၅မိနစ် လောက်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ၄၅မိနစ်လောက်ကြာခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာPDF-SAW တပ်ရင်း၂ (YRPA) ရဲ့ စနိုက်ပါပစ်ခတ်မှုကြောင့် စစ်သား၂ဦးသေဆုံးခဲ့သလို မြေသြဇာ ဖြစ်သွားခဲ့ကာ လက်နက်ကြီးထိမှန်ပြီး စစ်သား ၁၀ယောက်လောက် ထိခိုက်ဒဏ်ရာရရှိနိုင်တယ်လို့လည်း Yaw Regional PDF’s Alliance(YRPA) ကဒီနေ့မနက်ထုတ်ပြန်ပါတယ်။
PDF-SAW တပ်ရင်း၂ (YRPA)ရဲ့ လက်နက်ကြီးပြောင်းကွဲခဲ့ပေမယ့် PDFရဲဘော်တွေ အထိအခိုက် မရှိဘူးလို့ သိရပါတယ်။