စစ်သားတွေတင်လာတဲ့ကွန်တိန်နာယာဉ်တန်းကို မြင်းမူမှာ ၄ကြိမ်မိုင်းဆွဲတိုက်ခိုက်

စစ်သားတွေတင်ဆောင်လာတဲ့ ကွန်တိန်နာယာဉ်တန်းကို စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်အတွင်း မိုင်းဆွဲတိုက် ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ရာ ထိထိမိမိထိမှန်ခဲ့တယ်လို့သိရပါတယ်။
စစ်ကိုင်းကနေထွက်လာတဲ့ ကွန်တိန်နာယာဉ်၆စီးအနက် ပထမတစ်စီး ကို ဇွန်၁၄ရက်နေ့၊မနက်၁၀နာရီအ ချိန်မှာ မြင်းမူမြို့နယ်၊ကန်ဖျားဇရပ်အနီး မိုင်းဆွဲခဲ့ရာ ထိမှန်ခဲ့ကြောင်း The Pentagram ကထုတ်ပြန် ပါတယ်။
မနက်၁၀နာရီ၃၈မိနစ်အချိန်မှာလည်း ကွန်တိန်နာယာဉ်တန်းရဲ့ဒုတိယတစ်စီးကို မြင်းမူမြို့နယ်၊နပဲကြူးဇရပ် အနီး မိုင်းဆွဲခဲ့ရာမှာလည်း ထိမှန်ခဲ့ပါတယ်။
ဆက်တိုက်ဆိုသလိုပဲ ၁၀နာရီ၃၉မိနစ်မှာ ကွန်တိန်နာယာဉ်တန်းရဲ့ တတိယတစ်စီးကို ကန်ဖျားဇရပ်အနီးနဲ့၁၀နာရီ၄၂မိနစ်မှာလည်း ကွန်တိန်နာယာဉ်တန်းရဲ့ စတုတ္ထတစ်စီးကို နပဲကြူးဇရပ်အနီး မိုင်းဆွဲခဲ့ရာမှာလည်း ထိမှန်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကို ညီနောင်၄ဖွဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး သေဆုံးထိခိုက်အခြေအနေကို စုံစမ်းနေဆဲဖြစ်ပါတယ်။