လယ်ဝေး၊ ဗောဓိကုန်းမီးပွိုင့်မှာ ဗုံးနှစ်လုံးကွဲ၊စစ်အုပ်စုဝင်တွေ သေဆုံးဒဏ်ရာရမှုရှိ

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ဗောဓိကုန်းမီးပွိုင့်မှာ ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်အုပ်စုဝင် တွေ သေဆုံးဒဏ်ရာရ များတယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၉နာရီလောက်မှာ မော်တော်ပီကယ်၊ရဲနဲ့စစ်သားတို့ တောင်းရမ်းနေစဉ် ဗုံးနှစ်ကြိမ်ပေါက်ကွဲခြင်း ဖြစ်တယ်လို့ နေပြည်တော် တော်လှန်ရေးသတင်းဌာနက ထုတ်ပြန်ပါတယ်။
မော်တော်ပီကယ်နဲ့ မထသတို့ ကားတွေကို တောင်းရမ်းစစ်ဆေးနေတဲ့ နေရာမှာတစ်ကြိမ် ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်သွားတဲ့ ကားကိုစစ်ဆေးနေစဉ် နောက်တစ်ကြိမ်ပေါက်ကွဲခဲ့တာပါ။
ပထမအကြိမ်ပေါက်ကွဲစဉ်က ကားသာပျက်စီးပြီး ဒုတိယအကြိမ်ကျမှ စစ်သားတွေနဲ့ မော်တော်ပီကယ်တွေ အများအပြားသေကြေထိခိုက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။